Monday, August 27, 2012

ကြွက်တွင်း


စစ်ကိုင်းတိုင်း ကွန်ပျူတာအသင်းဝင်ဖို့အတွက် ကျွန်မတို့ ကျောင်းကို ထောက်ခံစာသွားတောင်းတဲ့နေ့ကပေါ့။ ကျွန်မရယ်၊ ကျွန်မသူငယ်ချင်း ဝေမာရယ်၊ ကျွန်မညီမလေး အိဖုံရယ် ဆိုင်ကယ်နှစ်စီးနဲ့ ကျောင်းကို သွားကြပါတယ်။ကျောင်းရောက်တော့ ထောက်ခံစာ အရင်မတောင်းသေးဘဲ Module တန်းကိုသင်နေတဲ့ ဆရာမဒေါ်သင်းသင်းနွယ်ဆီ သွားကြတယ်။ ဆရာမက အတန်းသင်နေတုန်းမို့ ကျွန်မတို့က ဆရာမကို စောင့်ဦးမယ်ပြောပြီး ကပ်ရက် အခန်းထဲ သွားထိုင်နေကြပါတယ်။ ကျွန်မတို့ ကျောင်းဘက်မှာ ဆောက်နေတဲ့ GTC အဆောက်အဦးကြီးကိုကြည့်ပြီး ထင်မြင်ချက်တွေပေးကြ၊ ခံစားချက်တွေ ဖွင့်ပြောကြနဲ့ပေါ့။ အဲဒီအချိန်မှာ ကျွန်မက ထန်းပင်တွေကို ကြည့်မိသွားတဲ့အတွက် သူတို့နှစ်ယောက်ကို ဟာသပြောလိုက်ပါတယ်။
“ ငါတို့ကျောင်းက ယောကျ်ားလေးတွေ ဘောလုံးပွဲမှာ ရှုံးပေမယ့် ထန်းပင်တက်တာနဲ့ ထန်းရည်သောက်တာတော့ နိုင်လောက်ပါတယ်။ ‘’
ဒီမှာတင် ကျွန်မညီမကလည်း
‘ ဟုတ်တယ်။ဟုတ်တယ်။ သမီးတို့ကျောင်းမှာ ကြွက်တွင်းတွေ ရှိတယ်လို့ ကြားတယ်။ ‘
ငြိမ်ပြီးနားထောင်နေတဲ့ ကျွန်မသူငယ်ချင်းကလည်း အားကျမခံ ဝင်ပြောပါတယ်။ နားလည်မလိုလိုနဲ့ ဝင်ပြောလိုက်တဲ့ သူ့စကားကြောင့် ကျွန်မတို့ ညီမနှစ်ယောက် မျက်ရည်ကျအောင် ရယ်ခဲ့ရပါတယ်။
သူပြောလိုက်တာက
‘ ဟုတ်တယ်ဟ။ ကြွက်တွင်းထဲကနေ လယ်ကြွက်ကြီးတွေ ထွက်ထွက်လာတယ်။ အကြီးကြီးပဲ’ တဲ့လေ။
မှတ်ချက်။          ။ No.4,March , 2006 ရယ်စရာ မှာ မရယ်နဲ့ ကဏ္ဍတွင် ကသစ်(မုံရွာ-GCC) ကလောင်နာမည်ဖြင့် ဖော်ပြခံခဲ့ ရသောစာမူဖြစ်သည်။

1 comments:

Giancarlo said...

Felice inizio settimana a te...ciao

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။