Wednesday, August 15, 2012

ကြင်နာတဲ့လုပ်ရပ်


ချစ်ခြင်းမေတ္တာသည် ပေးသူနှင့် လက်ခံသူ နှစ်ဦးစလုံးကို သက်သာရာရစေသည်။
                                                                                                ဒေါက်တာကားလ်မင်နင်ဂါ
     အရေးပါတဲ့ အာမခံကုမ္ပဏီတစ်ခုမှာ ကျွန်တော့်ကို စီနီယာ မန်နေဂျာ တစ်ယောက်က လူတွေ့မေးမြန်းပါတယ်။ သူတို့နဲ့ ကျွန်တော် လူတွေ့မေးမြန်းနေရတဲ့ အဓိက အကြောင်းပြချက်က ဘော့စတွန်မှာ ရှိတဲ့ ကျွန်တော့်မိသားစုကို စောင့်ရှောက်ဖို့ လိုအပ်တဲ့အတွက်လို့ သူ့ကို ရိုးရိုးသားသား ပြောပြလိုက်ပါတယ်။ မကြာခင်ကမှ အသက်(၂၆)နှစ်ရှိတဲ့ ကျွန်တော့်ဇနီးဟာ နှလုံး(ရောဂါ) ဖောက်လာလို့ သေဆုံးသွားပါတယ်။ ဘော့စတွန်မှာရှိတဲ့ အလုပ်တစ်ခုက ကျွန်တော့် (၁၆)နှစ်အရွယ် သမီးငယ်အတွက် (မိခင်ကို) ဆုံးရှုံးရလို့ ခံစားရတဲ့ ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေနဲ့ နာကျင်ကြေကွဲမှုကို ပြေပျောက်စေဖို့ ကျွန်တော့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ သူမရဲ့ လက်ရှိ အထက်တန်းကျောင်းမှာပဲ သူမကို ဆက်ထားနိုင်ဖို့ အလုပ်က ကျွန်တော့်အတွက် အရေးကြီးပါတယ်။
          ဒါပေမဲ့ ဇနီးဆုံးရှုံးထားတဲ့ အကြောင်း တော်ရုံသာပြောပြနိုင်ပါတယ်။ လူတွေ့ စစ်မေးသူ ဘရုစ်ဟာ သိမ်သိမ်မွေ့မွေ့နဲ့ မျှဝေခံစားတတ်ပါတယ်။ ဒါပေမဲ့ သူနောက်ထပ် မစပ်စုတော့ပါဘူး။ ကျွန်တော့် ဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ အသိအမှတ်ပြုဖော်ရပြီး တခြားအကြောင်းအရာကို ပြောင်းလိုက်ပါတယ်။
      နောက်တစ်ကျော့ မေးမြန်းပြီးတဲ့နောက်မှာ ဘရုစ်ဟာ တခြားမန်နေဂျာနဲ့ နေ့လည်စာစားဖို့ ကျွန်တော့်ကို ခေါ်သွားပါတယ်။ အဲဒီနောက် သူနဲ့အတူ လမ်းလျှောက်သွားဖို့ ကျွန်တော့်ကို ပြောပြပါတယ်။ သူလည်း သူ့ဇနီးကို ဆုံးရှုံးထားရတယ်လို့ ကျွန်တော့်ကို ပြောပြပါတယ်။ ပြီးတော့ ကျွန်တော့်လိုပဲ သူလက်ထက်ထားတာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီး ကလေးသုံးယောက် ရှိပါတယ်။ သူ့ရဲ့ မျှဝေခံစားနေရတဲ့ ဝေဒနာမျိုးကို ထပ်တူထပ်မျှ နာကျင်ခံစားဖူးတယ်လို့ သဘောပေါက်မိပါတယ်။ အဲဒီဝေဒနာက ကိုယ်ချစ်တဲ့သူ တစ်ယောက်ကို မဆုံးရှုံးဖူးတဲ့ လူတစ်ယောက်ကို အသေးစိတ် ရှင်းပြဖို့ မဖြစ်နိုင်တဲ့ ဝေဒနာပါ။ သူ့ရဲ့လုပ်ငန်းလိပ်စာကဒ်ပြားနဲ့ အိမ်ဖုန်းနံပါတ်ကို ပေးပြီး ကျွန်တော် အကူအညီလိုအပ်လျှင် ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို စကားပြောချင်လျှင် သူ့ဆီကို ဖုန်းဆက်ဖို့ အားမနာနဲ့လို့ အကြံပြုပါတယ်။ ကျွန်တော် အလုပ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော် အကူအညီ လိုအပ်တဲ့ အခါတိုင်း အဲဒီမှာ ရှိနေမယ်ဆိုတာ သိစေချင်ပုံပါပဲ။
    ကျွန်တော်တို့ နောက်တစ်ကြိမ်တွေ့ရဦးမယ်ဆိုတာ သူ မထင်ပေမဲ့ အဲဒီကြင်နာတဲ့အပြုအမူလေးကနေ ဘဝရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေထဲက တစ်ခုနဲ့ ပတ်သက်ကြုံတွေ့နေရတဲ့ ကျွန်တော့် မိသားစုကို ကူညီပေးပါတယ်။ သူဟာ သာမန်စီးပွားရေး အင်တာဗျူးလုပ်နည်းကို ဖော်ရွေဂရုစိုက်တတ်မှု လုပ်ရပ်အဖြစ် ပြီးတော့ လူတစ်ယောက် အရမ်းလိုအပ်နေချိန်မှာ အားပေးထောက်ခံမှု အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။

Ref; An Act of Kindness by Mike Teeley
No.(90),December,2006 The Best English Magazine

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။