Sunday, August 12, 2012

နွေလတဂ်တဲ့ပို့စ်


တဂ်ထားတာ ကြာပြီဖြစ်ပေမယ့် အလုပ်တစ်ဖက်၊သင်တန်းတစ်ဖက်နဲ့ မအားသေးတာကြောင့် ချက်ချင်းမရေးနိုင်ခဲ့ပါဘူး။ဘလော့ဂ်အကြောင်းကို ရေးရမှာဆိုတော့ ဂျီမေးလ်ကမပါမဖြစ်ပါရမယ့် ဇာတ်လိုက်ကျော်ကြီးပေ့ါ။ စာရေးသူကဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပါ။ ဒါ့ကြောင့် စာရေးသူကြုံခဲ့ရတဲ့ ရင်တထိတ်ထိတ်ဖြစ်ခဲ့ရတဲ့ ဂျီမေးလ်အကြောင်းအရင်ပြောပြချင်ပါတယ်။ စာရေးသူတို့တစ်မျိုးလုံးမှာ အမြဲလိုလို အင်တာနက်သုံးတာနဲ့ ဂျီမေးလ်သုံးတာဆိုလို့ စာရေးသူနဲ့ စင်ကာပူမှာ ကျောင်းတက်နေတဲ့ ညီမဝမ်းကွဲတစ်ယောက်ပဲရှိပါတယ်။ လွန်ခဲ့တဲ့ရှစ်လလောက်ကတော့ စာရေးသူ ကျောင်းတက်နေတဲ့ ညီမဝမ်းကွဲဆီ ငွေလွှဲရမယ့်အကြောင်းပြောရမှာမို့ အဲဒီညက သူနဲ့ ဂျီတော့ပြောမယ်ပေါ့။(စာရေးသူအဒေါ်အိမ်မှာအင်တာနက်ချိတ်ထားပါတယ်။) အဲဒီမတိုင်ခင်ကတည်းက စာရေးသူရဲ့ ဂျီမေးလ် yoemyaykya2020@gmail.com ဟာ ဖွင့်ထားရင် တခြားဘယ်သူနဲ့မှ မပြောဘဲနဲ့လင့်တွေတက်တက်လာပြီး ပြုတ်ပြုတ်ကျသွားတတ်ပါတယ်။ အဲဒီညကပေါ့ ဂျီတော့ ဖွင့်ထားလိုက်တယ်။ ကံကောင်းချင်တော့ စာရေးသူရဲ့ တီချယ်အရင်းခေါက်ခေါက်ကြီးက အွန်လိုင်းမှာရှိနေပါတယ်။ တီချယ်ကလည်း စင်ကာပူမှာ အလုပ်လုပ်နေတာပါ။ ကိုယ်က သူနဲ့ ပြောမလို့ ကြံတုန်းရှိသေး စာရေးသူ မဟုတ်တဲ့ ရိုးမြေကျ ဆီက လင့်တွေတက်လာပါတယ်။ အဲဒီမှာတင် စာရေးသူ မျက်လုံးပြူးသွားတာပါ။ ဟင်ငါဖြင့် ဘာမှမရိုက်ရသေးဘူးပေါ့။ ကီးဘုတ်ပေါ်တောင်လက်မတင်ရသေးပါဘူး။ ဒါနဲ့ ဘာဖြစ်မလဲသိချင်တာနဲ့ ကိုယ်က ဘာမှမရိုက်ဘဲ ဒီအတိုင်းစာရေးသူညီမတစ်ယောက်နဲ့ ထိုင်ကြည့်နေလိုက်တယ်။ စာရေးသူရဲ့ ဂျီမေးလ်က မသင်္ကာစရာရှိတယ်လို့ တီချယ်ကို ကြိုပြောပြထားလို့သာပေါ့။ ဒါ့ကြောင့် တီချယ်ကလည်း “Who r u?” တဲ့။ တီချယ်က ပြန်မေးနေတယ်။ ဟိုရိုးမြေကျကလည်း “pls test my link.” ဆိုပြီးပြန်ရိုက်နေပါတယ်။ တီချယ်ကလည်း အားမလျော့ဘူး။ “pls tell me who r u” ဆိုပြီး ရိုက်လိုက် ဟိုဘက်ကလည်း သူပြောချင်ရာတွေ ပြောလိုက်နဲ့ အဲဒီညက တော်တော်လန့်ခဲ့ရတယ်။ သူတို့နှစ်ယောက်ပြောသမျှရိုက်နေသမျှတွေကို ညီမနှစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ထိုင်ကြည့်နေခဲ့ရတာပါ။ နောက်ဆုံးတော့ ဆက်မကြည့်ချင်တော့လို့ sign out လုပ်ပစ်လိုက်တယ်။  ဒါနဲ့နောက်ရက်ရောက်တော့ password တွေချိန်းပစ်လိုက်ရတယ်။ အဲဒီတုန်းက စာရေးသူရဲ့ ဂျီမေးလ်ဖြစ်ခဲ့တာကို မေ့ပြီး အဲဒီဂျီမေးလ်နဲ့ပဲ ဘလော့ဂ်လေး(http://yoe-myaykya.blogspot.com)တည်ထောင်ဖြစ်ခဲ့တယ်။ အဲဒီဘလော့ဂ်ကို အရမ်းမြတ်နိုးခဲ့တာပါ။ ဒီလိုနဲ့ အဲဒီဘလော့လေးဟာ (6.7.2012) နေ့မှာ သုံးနေရင်းနဲ့ပျောက်ဆုံးသွားခဲ့တယ်။ စာရေးသူမှာ ဂျီမေးလ်အပိုတစ်ခုရှိတာဆိုတော့ နောက်ထပ်ဘလော့ဂ်လေးကို ထပ်လုပ်ဖြစ်ခဲ့တယ်။ အဲဒီဘလော့ဂ်ကလည်း သုံးနေရင်းနဲ့ နောက်ထပ်ထပ်ပျောက်သွားပြန်ပါတယ်။ ဟင်ဒီလိုသာ ငါခဏခဏ ဘလော့ဂ်ပျောက်နေရင် ငါပို့စ်အသစ်ရေးဖို့မပြောနဲ့ ဘလော့ဂ်လုပ်ရတာနဲ့တင် အသက်ထွက်ရချည်ရဲ့လို့ စိတ်ဓာတ်ကျခဲ့တယ်။ စာရေးသူက ဘလော့ကို နှစ်ခါတိတိပျောက်ခဲ့ဖူးတာပါ။ ပထမဘလော့ပျောက်ခါစက အင်တာနက်မှာ ဆိုက်တွေဝင်ကြည့်တော့ untrusted sites တွေကို ဝင်ကြည့်နေတယ်။ သတိထားပါဆိုတဲ့စာသားတွေပေါ်လာခဲ့ဖူးတယ်။ ဒုတိယဘလော့ဂ်ထပ်ပျောက်သွားတော့ ဘာမှလုပ်ချင်တဲ့ စိတ်မရှိတော့တာ။ စင်ကာပူက ညီမလေးလုပ်ပေးလို့ ဘလော့ဂ်နှစ်ခုလုံး ပြန်ရသွားပါတယ်။ အခုတော့ ပို့စ်အသစ်တွေကို ဘလော့ဂ်အဟောင်းကို အမှတ်တရအနေနဲ့ထားပြီး ဘလော့ဂ်အသစ်မှာပဲ စာရေးဖြစ်ပါတော့တယ်။
 နွေလမေးထားတာတွေဖြေရရင်
1)သင့်ဘလော့လေးကိုဘယ်အချိန်ကစပြီးတည်ထောင်ခဲ့ပါသလဲဘယ်လိုတည်ထောင် ခဲ့ပါသလဲ?
 ပထမဘလော့ဂ်ကို (9,Jan,2012) မှာတည်ထောင်ခဲ့ပြီး ဒုတိယဘလော့ဂ်ကို (15,July,2012) မှာတည်ထောင်ခဲ့ပါတယ်။
(2)ဘလော့လေးကိုဘယ်လိုရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့ပါသလဲ?
ပထမတော့ စာရေးသူက The Best မှာ ဘာသာပြန်စာမူတွေရေးပို့လေ့ရှိတာဆိုတော့ အဲဒီစာမူတွေနဲ့ စာရေးသူရေးဖူးတဲ့ စာလေးတွေကို အမှတ်တရ ဒိုင်ယာရီသဘောမျိုးနဲ့ပဲရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာပါ။ အခုတော့ ကဗျာတွေရော တခြားစာတွေရောပါ ရေးတင်ဖြစ်နေပါပြီ။
(3)သင့်ဘလော့လေးအပေါ်ဘယ်လောက်ထိရည်မှန်းထားသလဲ။ဘလော့လေးအပေါ် ဘယ်လောက်ထိ တန်ဖိုးထားသလဲ?
ချစ်သူတစ်ယောက်လို တန်ဖိုးထားတယ်။ မြတ်နိုးတယ်။
(4)သင့်ဘလော့လေးရုတ်တရက်ပျောက်ဆုံးသွားဖူးပါသလား?
နှစ်ခါတောင်ပျောက်ခဲ့ဖူးတာ။ yoemyaykya2020@gmail.com နဲ့ လုပ်ထားတဲ့ ဘလော့ဂ်လေး(http://yoe-myaykya.blogspot.com) နဲ့ yoemyaykya18@gmail.com နဲ့လုပ်ထားတဲ့ ဘလော့ဂ်လေး (http://yinnyein4yoe.blogspot.com) နှစ်ခုလုံးပျောက်ခဲ့ဖူးတာ။အသည်းနှစ်ခါကွဲရသလိုပဲ။ တစ်ခုနဲ့တစ်ခုကြားမှာ ရက်ပိုင်းပဲခြားတယ်။
(5)ပျောက်ဆုံးသွားတဲ့အချိန်တုန်းကဘယ်လောက်ထိခံစားခဲ့ရဘူးလဲ?မပျောက်ဆုံးသေးဘူးဆိုရင်လည်း တကယ်လို့ သင့်ဘလော့လေး ပျောက်ဆုံးသွားတဲ့အချိန်ဘယ်လိုခံစားရလဲ?
ခြေမကိုင်မိလက်မကိုင်မနဲ့ တော်တော်နေရခက်တယ်။ ဘာမှလဲလုပ်လို့မရဘူး။ အလုပ်တောင်မလုပ်နိုင်ဘူး။ စိတ်ညစ်လို့။

11 comments:

စံပယ္ခ်ိဳ said...

ဘလော့ပေါ်ထားတဲ့ သံယောဇဉ်လေးတွေ တွေ့ရတယ်
စာတွေလဲအများကြီးဆက်လက်ရေးနိုင်ပါစေ

ကြည်ဖြူခင်ခင် said...

ကြည်ဖြူလာဖတ်ခဲ့ပါတယ်ရှင်..

မိုးညချမ်း said...

ဘလော့ဂ်လေးအပေါ် မမရဲ့မျှော်လင့်ချက်လေးတွေကို ညလေး ရှာဖွေတွေ့ရှိသွားတယ် ... ဒီထက်မက စာတွေရေးနိုင်ပြီး ဘလောဂ့်လေးအမြဲတည်ရှိပါစေ ... :)

လွင်ပြင်လှိုင်းငယ် said...

စာတွေအများကြီးဆက်ရေးနိုင်ပါစေ ။

မိုးညချမ်း said...

ဘလောဂ့်လေးအပေါ် ထားတဲ့ မမရဲ့မေတ္တာသံယောဇဉ်လေးကို ညလေးတော့ ရှာဖွေတွေ့ရှိသွားတယ် ... :)

Phyu Lwin said...

ရိုးမြေကျ ရေ .. ဘလော့ဂ်လေးအကြောင်း လာဖတ်သွားတယ် .. အခု တန်းပလိတ်လေးက ချစ်စရာလေး..အရောင်လေးလည်း ကြိုက်တယ်

ထရီဆာ (Teresa) said...

ရိုးမြေကျရဲ့ ဘလော့အပေါ်ထားတဲ့စိတ်လေး ချစ်ဖို့ကောင်းလိုက်တာ ...းး))

ထရီဆာ (Teresa) said...

ဘလော့ဂါ ၁ ယောက်ရဲ့ ဘလော့အပေါ် ချစ်တတ်တဲ့စိတ် လေးစားပါတယ်ရှင် ...းး))

မြတ်နိုးသူ(MUFL) said...

အမလာရောက်အားပေးသွားပါတယ်နော်

နွေလ said...

ခံစားဖူးမှ သိတယ်နော့
ဘယ်လိုခံစားချက်မှန်းကို မသိဘူးဗျ
တော်တော်ဆိုးတယ်
ချစ်သူတစ်ယောက် တန်ဖိုးထားတယ်
စကားလုံး သုံးနှုန်းတတ်ပါပေ့
အစ်မအတွက် ဆုတောင်းပေးနေမယ်
အသည်းမကွဲလို့ အဟဲ

Anonymous said...

အလည်ရောက်ရင်း စာတွေဖတ်သွားတယ် ရိုးမြေကျရေ...
ဘလောက်နဲ့၊ စာရေးခြင်းနဲ့ ရိုးမြေကျ ပေါင်းဖက်နိုင်ပါစေဟု

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။