Monday, August 27, 2012

နှစ်ကိုယ့်တစ်စိတ်ဘဝ


ကျွန်တော် ဆိုရိုးစကားတစ်ခု ကြားဖူးပါတယ်။ ”မိဘတွေ သူတို့ရဲ့ကလေးတွေကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်တွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ဖို့ပါ”။
အသက်လေးဆယ်ကျော်အထိ ဒီစာသားရဲ့ အမှန်တရားကို ကိုယ်တွေ့ကြုံရတဲ့အတွက် ကြည်နူးမိတယ်။ကျွန်တော်မှတ်မိသလောက်ပြန်စဉ်းစားကြည့်တော့ အဖေနဲ့အမေဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ သူတွေပါ။ အကျိုးတူပူးပေါင်းမှုတစ်ခု။ သူတို့ဟာအကျိုးတူပူးပေါင်းမှုထက်လည်း ပိုပါတယ်။ သူတို့ဟာ တစ်သွေးတည်း တစ်သားတည်းလိုပါပဲ။
 သေချာတာက သူတို့ငြင်းခုံကြတယ်။ ဒါပေမယ့် ဘယ်သဘောထားကွဲလွဲမှုမျိူးမဆို ဖြစ်လာရင် ဖြေရှင်းနိုင်ခဲ့မှန်း ကျွန်တော်တို့စိတ်ထဲမှာအကြွင်းမရှိယုံတယ်။ အမေနဲ့အဖေဟာ သူတို့ရဲ့ လက်ထပ်ပြီးဘဝကို ချို့ချို့ငဲ့ငဲ့ စတင်ခဲ့ပေမဲ့ သူတို့ အလုပ်ကြိုးစားခဲ့တယ်။ နှစ်များစွာကြာတော့ အလွန်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ခဲ့တယ်။ သူတို့တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့အလုပ်တူတူလုပ်ခဲ့တဲ့ တစ်လျှောက်မှာ အားနည်းချက်တွေ့ အားသာချက်တွေကို ခင်ဗျားတို့တွေရမှာ မဟုတ်ဘူး။
အဖေက သူနဲ့ တွေ့ဆုံခင်မင်တဲ့ ပုဂ္ဂိုလ်တွေကို မှန်မှန်ကန်ကန် ဆက်ဆံတတ်တဲ့ ဖော်ရွေပြီး လူသိပိုများတဲ့ လူတစ်ယောက်ပါ။ လူတိုင်းက အဖေ့ကိုသိကြတယ်။ နောက် သူတို့က အမေ့ကို လာတွေ့ကြတဲ့အခါ အမေနဲ့ ပက်သက်ပြီးတော့လည်း အကျင့်စရိုက် အတူတူပဲလို့ ခံစားမိကြတယ်။ လုံးဝမရှက်တက်ပေမဲ့ အမေဟာ နောက်ကွယ်ကနေ နေရတာကိုပဲ ပိုစိတ်ချမ်းသာတယ်။ အသေးစိတ်ကို ပိုအလေးထားပြီး ငွေစာရင်းကိုပဲ စီမံကွပ်ကဲပါတယ်။အဖေ့အပြောအရ အမေဟာ စီးပွားရေးလုပ်ငန်းကို တကယ်လုပ်တဲ့သူတစ်ယောက်ပါ။
ကျွန်တော့် အမေနဲ့ အဖေ ကျွန်တော်တို့ ကလေးတွေကို သင်ပြပေးခဲ့တဲ့ ချစ်ခြင်း လက်ထပ်ခြင်းနဲ့ ပက်သက်တဲ့ အကြီးမားဆုံး သင်ခန်းစာကတော့ ခင်ဗျားတို့ရဲ့ အိမ်ထောင်ဖက်နဲ့ပက်သက်ပြီး ဘယ်လိုပြောရမလဲ ဆိုတာပါ။ အိမ်ထောင်သည် ယောကျ်ားနဲ့မိန်းမတွေဟာ တစ်ခြားသူတွေကို စကားပြောတဲ့အခါ သူတို့ရဲ့ အိမ်ထောင်ဖက်နဲပတ်သက်ပြီး မညှာမတာ ဝေဖန်တာမျိုး ခင်ဗျားတို့ ကြားဖူကြလား။ ဒါဟာလူတွေလုပ်ပုံရတဲ့ အရာတွေထဲကတစ်ခုပါ။ သေချာတာက သူတို့ကျီစားတာ သက်သက်ဖြစ်မယ်။ဒါမှ မဟုတ် ကျီစားတာ မဟုတ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အပြောက အရေးကြီးတယ်။ ပြီးတော့ အပြုသဘောလား အပျက်သဘောလားဆိုတာ အပြောကပဲသက်သေပြနိုင်တယ်။
ကျွန်တော့်အမေနဲ့ အဖေဆီက အဲဒီလို အကြောင်းအရာမျိုး ခင်ဗျားတို့ ဘယ်တော့မှ ကြားရမှာ မဟုတ်ဘူး။အဖေက အမေ့ကို အမြဲတမ်း ချီးကျူးစကားနဲ့ ရွှန်းရွှန်းဝေအောင်ပြောပါတယ်။ အမေကလည်း အဖေ့အပေါ် အဲဒီအတိုင်းပါပဲ။
ဒီသင်ခန်းစာက ကျွန်တော့်ကိုခံစားမှုတစ်မျိုးပေးတယ်။ ကျွန်တော် တစ်ဆယ့်နှစ်နှစ်သားတုန်းက ကျွန်တော်တို့ အိမ်မှာ ကော်ဇောခင်းတာကို မှတ်မိနေတုန်းပါပဲ။ ပိုင်ရှင်သူဌေးကတော့ အသက်ကြီးကြီး ညားခါစဇနီးမောင်နှံ တီဗွီအစီအစဉ်က ရက်ခရမ်ဒန်ရဲ့ရက်ကွန်လော့ကို ပိုင်ဆိုင်တာဖြစ်နိုင်ချေရှိတဲ့ ဘီယာအငမ်းမရသောက်ပြီး ဆင်းဆင်းရဲရဲအသက်မွေးရတဲ့ လူတွေထဲ့က တစ်ယောက်ပါ။ နေ့လည်စာအတွက် ကျွန်တော့်မိသားစုက သူ့အတွက်ပီဇာဝယ်ပေးတယ်။ အဖေက အလုပ်နဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ စကားပြောဖို့သွားတယ်။ အဲဒီနား တစ်ဝိုက်မှာ ကျွန်တော်နားထောင်နေပါတယ်။
လုပ်ငန်းပိုင်ရှင်က ပြောတယ်။”ဒါက အကုန်အကျများတဲ့အလုပ်ပဲ။ မိန်းမတွေဟာ ခင်ဗျားရဲ့ ပိုက်ဆံကို တကယ်သုံးကြတယ်။ ဟုတ်တယ်မဟုတ်လား။” အဖေက ခွန်းတုံ့ပြန်တယ်။ “ဟုတ်ပါပြီ။ ကျွန်တော် ခင်ဗျားကိုပြောမယ်။ ခင်ဗျား ပိုက်ဆံမရှိခင်မှာ သူတို့ဟာ ခင်ဗျားနဲ့ ကျေကျေနပ်နပ်ရှိနေသေးတယ်။ ခင်ဗျားတတ်နိုင်သလောက်သူတို့အတွက် တစ်ခုခုလုပ်ပေးတာက ဝမ်းမြောက်စရာပါပဲ။”
ဒါဟာ ကော်ဇောခင်းပေးတဲ့သူကြားဖို့ မျှော်လင့်ထားမှာ မဟုတ်တဲ့အဖြေပါ။ သူ့အတွက်သာမန်ဖြစ်တဲ့ ဇနီးမယားတွေနဲ့ပက်သက်ပြီး အပျက်သဘောဆောင်တဲ့ ကျီစားမှုကို သူက မျှော်လင့်နေတယ်။ သူကထပ်ကြိုးစားတယ်။”ဒါပေမဲ့ သူတို့ကဒါကို စောဒကတက်ပြီး သူတို့တတ်နိုင်တာ အားလုံးသုံးပစ်လိမ့်မယ်။ ဟုတ်တယ် မဟုတ်လား”။ အဖေက ပြန်ဖြေတယ်။ ကျွန်တော်သိတဲ့အတိုင်းအဖေက “ဟေး သူတို့က ခင်ဗျားအောင်မြင်လာတဲ့ အကြောင်းပြချက်ဖြစ်တဲ့အခါ  သူတို့နှစ်သက်တဲ့အရာတွေကို သူတို့ကို ခင်ဗျား လုပ်စေချင်တယ်။ ပိုကောင်းတဲ့ကြည်နူးမှုမရှိဘူး” နှစ်ယောက်သားငြင်းခုံကြတယ်။
ပိုင်ရှင်ဖြစ်သူက နောက်တစ်ကြိမ်ထပ်ကြိုးစားတယ်။ “သူတို့တက်နိုင်တဲ့အထိတော့ သူတို့ယူကြလိမ့်မယ်မဟုတ်လား”။အဖေက တုန့်ပြန်တယ်။”သူမက ကျွန်တော် တွေ့ကြုံခဲ့ရသမျှထဲက အကောင်းဆုံးအရာပါ။ သူမပျော်ဖို့ဆိုရင် ဘာလုပ်ရလုပ်ရပါ။”
ကျွန်တော် မရယ်မိအောင်ချုပ်တည်းထားရတယ်။ ကျွန်တော်သိတယ်။ သူက အဖေ့ကို နည်းနည်းလောက် အလျော့ပေးစေချင်တယ်။ပြီးတော့ သူကပြောတယ်။ ”ဟုတ်ပါတယ်။ ဒါမှန်တယ်လို့ ထင်မိပါတယ်။” ဒါပေမဲ့ ဒါက နှစ်ပေါင်းများစွာမှာ ရှာမှရှားပါပဲ ။
နောက်ဆုံမှာ ကော်ဇောခင်းတဲ့သူက အရှုံးပေးပြီး စိတ်ရှုတ်ထွေးစွာ သူ့ခေါင်းကိုခါရင်း အလုပ်လုပ်ဖို့ ပြန်သွားတယ်။ ထိုတဒင်္ဂမှာ အဖေ့ရဲ့အဖြစ်အပျက်ကို ကိုယ်တွေ့ကြံခြင်းက ထိုအကြောင်းကိစ္စနဲ့ ပက်သက်ပြီး ဖေဖေ ကျွန်တော့်ကို ပြောပြနိုင်တာတွေထက် ကိုယ့်ဇနီးမယားကို ချစ်ခင်ပြီး လေးစားမှု ရှိရမယ်ဆို တဲ့အကြောင်း ကျွန်တော့်ကို သင်ကြားပေးခဲ့ပါတယ်။
အမေနဲ့အဖေဟာ အခု အလုပ်ကအနားယူပြီး သူတို့ဘဝကို အတူတူကြည်နူးနေကြတယ်။ အချိန်ဖြုန်းကြတယ်။ စာဖတ်ကြတယ်။ သူတို့သားသမီး မြေးမြစ်တွေဆီ သွားလည်ကြတယ်။ အကြာသေးခင်က သူတို့ရဲ့ (၄၃)နှစ်မြောက် အိမ်ထောင်သက်နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြတယ်။
သူတို့လက်တွေကို အခုထိ ဆုပ်ကိုင်ထားကြတုန်းပါ။ အရင်ကထက် ပိုချစ်လာကြတယ်။ အချိန်တွေကုန်လွန်လာတော့ အမေက ကျွန်တော် အိမ်ထောင်ပြုသင့်ပြီနေပြီဖြစ်ကြောင်း သတိပေးတဲ့အခါတိုင်း ကျွန်တော်ကပြောတယ် ။ “အမေ သားမှာ အချိန်တွေ အများကြီးရှိပါသေးတယ်” သူမက ကျွန်တော့်မှာ အဲဒီအတွက် အချိန်အများကြီးမရှိကြောင်း ရယ်စရာပြောတယ်။ အဲဒီနောက် အဖေက ကျွန်တော့်ကို တွေးတွေးဆဆကြည့်လိုက်တယ်။ ပြီးတော့မြို့မှာကြီးပြင်းလာတဲ့လူတစ်ယောက်လေသံနဲ့ ပြောလိုက်တယ်။ “ဟေး့ မင်းလိုသလောက် အချိန်ယူလို့ရတယ်။ မင်းအမေရဲ့ တစ်ဝက်လောက်ကောင်းတဲ့ အမျိုးသမီးကို မင်းလက်ထပ်ခဲ့ရမယ်ဆိုရင်တောင် မင်းဘဝက ပျော်စရာကောင်းမှာပါ။”
ကျွန်တော် အရမ်းကံကောင်းပါရဲ့။






မှတ်ချက်။            ။No 148, October 2011 The Best English Magazine တွင်ဖော်ပြခံရသော ဘာသာပြန်စာမူဖြစ်သည်။

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။