Friday, February 15, 2013

မြတ်နိုးအတွက် မွေးနေ့အမှတ်တရ

   အစက မြတ်နိုးမွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်လောက်ရေးပေးမလို့ပါ။ ဒါပေမယ့် ရှေ့မှာ ရေးတာများသွားလို့ စကားလုံးကြွယ်ဝသူမဟုတ်တော့ ကဗျာအတွက် စကားလုံးတွေ ဘယ်လိုမှ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ ဒီတော့ မြတ်နိုးအတွက် အမှတ်တရစာလေးတစ်ပုဒ်ပဲ ရေးမိသွားတော့တယ်။
          မြတ်နိုးကို ဘယ်မှာ စသတိထားမိလဲဆိုတော့ ဖေ့ဘုတ်မှာပါ။ သူ့ကို ကိုယ်က ဘလော့ဂါမှန်းလဲ မသိသေးဘူး။ ကိုယ်ကလဲ ဘလော့တွေကို ခုလောက်သွားလည်ပြီး မဖတ်ဖြစ်သေးဘူး။ အဲဒီနေ့တုန်းက သူက နေကောင်းလားတဲ့ နှုတ်ဆက်လာတယ်။ မြတ်နိုးကို မိန်းကလေးမှန်းမသိခဲ့ဘူး။ ယောကျ်ားလေးပဲ ထင်နေခဲ့တာ။ ဒီကြားထဲ ကိုယ့်ပုံတင်ထားတာလေး သူက ရှဲသွားတော့ ဟာသွားပြီ။ ဟိုကောင်လေး ငါ့ပုံရဲှသွားပြီဆိုပြီး အဲဒီတုန်းက လှလဲမလှတဲ့ ကိုယ့်ဓာတ်ပုံတွေကို only me လိုက်လုပ်ခဲ့သေးတာ ခုတွေးကြည့် ခုပြုံးမိသေးတယ်။ နောက်မှ ဖေ့ဘုတ်မှာ စကားပြောရင်း ပြောရင်းနဲ့ သူ့ကို မိန်းကလေးမှန်းသိလာတာ။ အဲဒီကျမှ သူ့ဘလော့လေးကို သွားလည်ဖြစ်တယ်။ သူ့ဘလော့လေးမှာ သွားလည်ပြီး ကွန်မန့်တွေရေးလဲ spam ထဲ ရောက်ရောက်သွားတာဆိုတော့ ကွန်မန့်ပေးရတဲ့သူ ဖတ်ဖတ်မောအောင် အဲဒီညနေကပေးခဲ့တာကတော့ မြတ်နိုးအတွက် အမှတ်တရဖြစ်မယ်ထင်ပါရဲ့။
          ကိုယ်က မန်းလေးက ကြိတ်မုန့်ကြိုက်လို့ ပို့ပေးရမလားပြောတတ်တဲ့ မြတ်နိုးတစ်ယောက် ခုချိန်မှာ training ကြားထဲ ပင်ပန်းနေမှာလို့တွေးမိသေးတယ်။ လွန်ခဲ့တဲ့လေးရက်လောက်ကပဲ မြတ်နိုးကို ဂျီမေးလ်မှာ တွေ့တော့ နှုတ်ဆက်လိုက်တာ မြတ်နိုးမဟုတ်ဘဲ သူ့သူငယ်ချင်းလေးဖြစ်နေခဲ့တယ်။ မြတ်နိုးနဲ့ ပတ်သက်ပြီး နောက်ထပ်ခင်မင်လာရတာက အန်တီလေးမေခင်ပါ။ အန်တီလေးပြောမှ မြတ်နိုးသင်တန်းတက်နေတာ သိရတယ်။ နှစ်လဆိုတဲ့အချိန်က တော်တော်ကြာတာပဲ မြတ်နိုးရေ။ သင်တန်းပြီးသွားရင်လဲ မြတ်နိုးလေး စာတွေဆက်လက်ရေးသားနိုင်ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်သူလေးဖြစ်ပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်။
ဖေဖော်ဝါရီ(၁၆) ဟာ မြတ်နိုးမွေးနေ့ပါ။ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေရမှာဆိုတော့ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခွင့်ရပါ့မလားလို့ စိတ်ပူမိသေးတယ်။
ကျန်ရစ်သူနဲ့ ချန်ရစ်သူမှာ ကျန်ရစ်သူက ပိုလွမ်းတတ်ပါတယ် မြတ်နိုးလေး။
မြတ်နိုး ပြန်လာမယ့်နေ့ကို အားလုံးကစောင့်မျှော်နေရင်း
HApPy BiRtHdAy MyAt NoE LaY
ရိုးမြေကျ(15.2.2013, 9:00PM)

8 comments:

roseayemaung said...

မရိုးမြေကျ....ရေ...မေွးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေ..
ဆုတောင်းပြှုခဲ့ပါသည်...ချင့်

စံပယ်ချို said...

မြတ်နိုးမွေးနေ့တောင်မသိဘူး
အတော်လေးကိုညံ့ဖျင်းသေးတယ်(မိမိကိုယ်မိမိ အပြစ်တင်ခြင်း)
မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့

မိုးနတ်ကြယ်စင် said...

ဟုတ် မရေ...
ညလေးလဲ မြတ်နိုးမွေးနေ့ကို မသိပါဘူးးးးးးးးးး
သူနဲ့က ဖဘမှာ မခင်လိုက်ရပဲ သူက သင်တန်းသွားတာ
ဆိုတော့ ဖဘမှာ အန်တီလေးတင်လိုက်တဲ့ status ကျမှ
မြတ်နိုးသင်တန်းသွားတာ သိလိုက်ရတာ...
သူ့ကဗျာလေးတွေတော့ သိပ်ကြိုက်ပါတယ်...
မြတ်နိုးက ရေးလက်အရမ်းရှိတယ်...တော်လဲတော်ပါတယ်
သူ့ကဗျာတွေကြောင့် သူ့ကိုသတိထားမိလာတာ..
မြတ်နိုးလေးမွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့
လိုရာဆန္ဒပြည့်ဝပါစေလို့ မိုးနတ်ဆုတောင်းပေးပါတယ်နော်
မမရိုးမြေကိုလဲ ကျေးကျေးပါ....မြတ်နိုးမွေးနေ့ကို
ပြောပြပေးလို့ :)))

မိုးညချမ်း said...

ဟုတ်တယ် မမ ... ညလေးတောင် မြတ်နိုးလေးဆီသွားလည်မလားလို့ ... သတိရနေတာ ... မွေးနေ့ရှင်မြတ်နိုးလေးရော မွေးနေ့အမှတ်တရရေးပေးတဲ့မမရော ပျော်ရွှင်ချမ်းမြေ့ကြပါစေနော် ...

လရိပ်အိမ် said...

မြတ်နိုးမွေးနေ့ကို ဖဘမှာဘဲ ဟက်ပီးဘက်ဒေး ရေးခဲ့တယ်။
အဝေးရောက်နေလို့ ကဗျာမရေးပေးတာ ဟုတ်ပါဘူး။
ရိုးမြေကျလိုဘဲ စကားလုံးတွေစဉ်းစားမရလို့။
လရိပ်က ရိုးမြေကျထက်တောင် စကားလုံးတွေ မွဲခြောက်သူပါကွယ်။

ရိုးမြေကျဆီမှာ ဆန်းသစ်တဲ့စကားလုံးမရှိတော့ဘူးဆိုတာ ယုံဘူး။

Aunty Tint said...

ရိုးမြေကျရဲ့ အိမ်လေးကို ရောက်ဘူးသွားပြီး)
ကဗျာလေးတွေ လက်လှမ်းမှီသလောက် ဖတ်သွားတယ်။
မြတ်နိုးမွေးနေ့ကိုတော့ မွေးနေ့ရက်က ဖေ့ဘုတ်ကနေ နှုတ်ဆက်ခဲ့တယ်။
မွေးနေ့ရှင်ရော ကဗျာရှင်လေးပါ စိတ်ဓာတ်အစဉ်
ကြည်လင်အေးမြချမ်းသာသုခနဲ့ ပြည့်ဝကြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

မွေးနေ့ရှင်ရော မွေးနေ့ဆုတောင်းပေးသူရော ပျော်ပါစေ။ စကားမစပ် ဒီနေ့ မ မွေးနေ့နော်.. မ ဘာကျွေးမှာလဲဟင်း)

Unknown said...

ရိုးမြေကျလေး
မြတ်နိုးမွေးနေ.အတွက်ရေးပေးတဲ.စာပိုစ်.လေး
နောက်ကျမှဖတ်ရပါတယ်။တီလေးနေမကောင်းဖြစ်နေတဲ.အချိန်နဲ.
ကြုံသွားလို.။အဲဒီအချိန်ကမြတ်နိုးနဲ.ဖုန်းနှင်.ပြောဖြစ်တယ်။
ရိုးမြေကျမွေးနေ.ကfebruary 17 လားတီလေးအမျိုးသားနဲ.လရော
ရက်ရောတူတယ်။ရိုးမကျလေးသက်ရှည်ကျန်းမာပျော်ရွှင်စွာကဗျာသုတရသစာပေတွေရေးသားနိုင်ပါစေဆုမွန်ချွှေလျှက်ပါ။
ခင်တဲ.အန်တီလေးမေခင်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။