Friday, August 17, 2012

သရော်စာ


အဲဒီနိုင်ငံပေါ့ လူတန်းစားမရွေးကားစီးနိုင်အောင်ဆိုပြီး ကြီးကြီးကျယ်ကျယ်အော်နေပေမယ့်
လူတိုင်းဖုန်းကိုင်နိုင်အောင်တောင် လုပ်မပေးနိုင်သေးတဲ့ လေကျယ် ဝန်ကြီးတွေရှိတဲ့ နိုင်ငံ
အဲဒီနိုင်ငံပေါ့ ဓမ္မကထိကတွေ တရားဟောတာကို ပိတ်ပင်ပေမယ့်
Valentine Day Promotion အတွက် ချစ်သူစုံတွဲတွေကို ဟိုတယ်အခန်း မဲဖောက်ပေးတာကို လက်ပိုက်ကြည့်နေတဲ့ နိုင်ငံ
အဲဒီနိုင်ငံပေါ့ စာရင်းစစ်တွေရှိပေမယ့် အကျင့်ပျက်လာဘ်စားတာကို ရဲရဲဝံ့ဝံ့
ဖော်ထုတ်ပြခြင်း မရှိသေးတဲ့ နိုင်ငံ
အဲဒီနိုင်ငံပေါ့ အာဆီယံစံနှုန်းအတိုင်း ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်ပြနေပေမဲ့
ဖုန်းလိုင်း အင်တာနက်လိုင်းတွေကတော့ အာဆီယံဖင်ဖျားတောင်မမီတဲ့ နိုင်ငံ
အဲဒီနိုင်ငံပေါ့ Good Government Clean Government စကားလုံးကြီးကြီးနဲ့ ဝန်းရံထားပေမယ့်
လက်တွေ့မှာတော့ ခြစားဝန်ထမ်းတွေကို ကြီးလေးတဲ့ အပြစ်ဒဏ်ချမှတ်ခြင်းမရှိတဲ့ နိုင်ငံ
အဲဒီနိုင်ငံပေါ့ ဒီမိုကရေစီနိုင်ငံယောင်ဆောင်နေတဲ့ နိုင်ငံ
ဓာတ်ဆီဝယ်တာတောင် ဝယ်ချင်တဲ့အချိန် ဝယ်ချင်တဲ့ပမာဏအတိုင်း ဝယ်ခွင့်မရသေးတဲ့နိုင်ငံ
စားသုံးသူအခွင့်အရေးမရှိတဲ့နိုင်ငံ
အဲဒီနိုင်ငံပေါ့ ဘာဆိုဘာမှ အစိုးရကို ကွန်ပလိန်းတက်ခွင့်မရတဲ့နိုင်ငံ
အဲဒီနိုင်ငံပေါ့ မြစ်ဆုံစီမံကိန်းက ရမယ့် လျှပ်စစ်အား ၁၀ရာခိုင်နှုန်းကို မက်မောနေတဲ့ နိုင်ငံ (တရုတ်နိုင်ငံကရမှာက ၉၀ရာခိုင်နှုန်းတဲ့)
မြစ်ဆုံအလှပျက်စီးမှာကို လျစ်လျူရှုတဲ့ နိုင်ငံ
(ပြောရတာ မောလာပြီ။ ဆက်ပြောရင် ငါ ကုလားပဲဟင်းစားရတော့မယ်။တော်ပီပြောတော့ဘူး။ Facebook မှာ ညီမလေး Share ထားတဲ့ စင်ကာပူအကြောင်းရင်ဖွင့်ထားတာလေးဖတ်မိပြီး မြန်မာနိုင်ငံအကြောင်း သရော်မိတာလေးပါ။)
မူရင်းအရေးအသားကတော့ အောက်မှာပါ။


 
အဲ့ဒီမြို့ပေါ့ ...လူတွေကို စွဲဆောင်နိုင်သလောက် သဘာ၀ အလှတစ်ခုမှ မရှိတဲ့မြို့....

အဲ့ဒီမြို့ပေါ့ ..တိုက်မျက်နှာစာ မှာလှသလောက် တိုက်နောက်ဖေးသွားရင်း ဝါးလုံး တွေ လေမှာ လွင့်ပြီး ခေါင်းပေါ်ပြုတ်ကျမှာ ကြောက်ရတဲ့မြို့

အဲ့ဒီမြို့ပေါ့
...Foreigner ဆို ဖိ သလောက် သူတို့အချင်းချင်းကျတော့ Negelect လုပ်တဲ့မြို့...

အဲ့ဒီမြို့ပေါ့ ကျားရို ကျားရိုး ( ဖိုက်တင်း ဖိုက်တင်း ) လို့အော်ပြီး အာလီဘာဘာ များတဲ့မြို့
(အချောင်ခိုသူ )

အဲ့ဒီမြို့ပေါ့....စည်းကမ်းရှိသလိုလိုနဲ့ စည်းကမ်းရှိချင်ယောင်ဆောင်တဲ့မြို့.....

အဲ့ဒီမြို့ပေါ့ ....ခြင်ကိုက်တာကအစ အစိုးရ ကို ကွန်ပလိန်း တတ်တဲ့မြို့....

အဲ့ဒီမြို့ပေါ့ .....သမိုင်းစာအုပ်ထဲမှာ ခြင်္သေ တစ်ကောင်တည်း ရှိတဲ့မြို့...

အဲ့ဒီမြို့ပေါ့.....ပါတီတွေ အပြိုင်အဆိုင်ပေးရင် အိမ်သာ ရေ တောင်ချွေတာတဲ့မြို့ ....

စောစောစီးစီး သူများအတင်းပြောရတာ မောထှ ....ဒါတောင်အများကြီးကျန်သေးတယ် ...
အဲ့ဒီမြို့ပေါ့ စင်္ကာပူလေ...း)

4 comments:

လွင်ပြင်လှိုင်းငယ် said...

မိုက်တယ်ဟေ့ မှန်လိုက်တဲ့ သရော်စာလေး

စံပယ်ချို said...

အဲဒီမြို့ထဲက မြို့သူ - မြို့သားတွေလဲအဲလိုပါပဲ ဆိုတာသူမေ့နေတယ်ထင်တယ်----
မှန်တာတွေပြောလှချေလားကွယ်

ကြည်ဖြူခင်ခင် said...

တကယ်မိတဲ့ သရော်စာကောင်းလေးပဲ.. ဟက်ဟက်.. :P

နွေလ said...

တစ်ယောက်ယောက်ကို မြင်စေချင်လိုက်တာ
ဟိဟိ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။