Tuesday, October 30, 2012

မျက်နှာဖုံး




ရန်ကုန်မြို့၏ နံနက်ခင်းလေသည် အေးနုလတ်ဆတ်နေ၏။ ကျောင်းသူကျောင်းသားများ လုပ်ငန်းခွင်သွားမည့်သူများသည် ထမင်းချိုင့်ကိုယ်စီဖြင့် လှုပ်ရှားသွားလာနေကြပြီ။ ရုံးချုပ်မှာ အစည်းအဝေးတက်ရန်ရှိသဖြင့် ရန်ကုန်သို့သူမရောက်နေခြင်းဖြစ်သည်။ တည်းခိုသည့်နေရာမှ မနက်စာစားရန် လက်ဖက်ရည်ဆိုင်သို့သူမထွက်လာခဲ့သည်။ မနက်စာစားပြီးတော့ မြေနီကုန်းဂမုန်းပွင့်ရှေ့မှာ ရုံးဖယ်ရီစောင့်နေသည်။ ရောက်မလာနိုင်သေးသော ဖယ်ရီကို စောင့်ရင်း ရန်ကုန်မြို့၏ မနက်ခင်းကို ခံစားနေလိုက်သည်။ ထိုစဉ် သူမ ရပ်စောင့်နေသောနေရာနားသို့ လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ရောက်လာသည်။ ထိုသူသည် သူမနှင့်ခပ်လှမ်းလှမ်းနေရာလောက်မှာ ထိုင်ရင်းသူ့လက်ထဲမှ ပြောင်းဖူးစေ့ထုပ်ကို ထုတ်လိုက်သည်။ ထို့နောက် ပြောင်းဖူးစေ့များကို  ခိုလေးတွေကျွေးဖို့ လမ်းပေါ်ကြဲချနေသည်။ သူမလဲ အစာစားနေသောခိုလေးများကို ကြည့်ပြီး ကြည်နူးလာသည်။ ထိုကြည်နူးမှုသည် တဒင်္ဂသာဖြစ်၏။ ခိုလေးတွေအစာစားရင်း တစ်ချို့ ခိုလေးတွေ ရုတ်ရုတ်သဲသဲပျံသန်းကုန်ကြသည်။ အဖြေမရှာနိုင်သေးသည့်အတွက် ထိုလူ ခိုစာကျွေးနေသည်ကို ဆက်ကြည့်နေလိုက်သည်။ အို အဖြေကိုသိလိုက်ရတော့ သူမ စိတ်လှုပ်ရှားလာသည်။ ဘာလုပ်ရမလဲ။ ဘာဆက်လုပ်ရမလဲ။ ထိုလူက ခိုလေးတွေကို အစာကျွေးရင်း ကျန်လက်တစ်ဖက်ဖြင့်  ခိုတွေကို ဖမ်းနေခြင်းဖြစ်သည်။ ဖမ်းပြီးသား  ခိုတွေကို သူ့ အင်္ကျီထဲ ထိုးထည့်နေသည်။ တဖြည်းဖြည်းနှင့် ထိုလူ့အင်္ကျီဖောင်းလာသည်။ ဘာလုပ်ရမည်မသိဘဲ သူမကြောင်ကြည့်နေမိသည်။ ထိုလူနှင့် ရန်ဖြစ်ပြီး ခိုလေးတွေကို ကယ်တင်ဖို့ သူမသတ္တိမရှိဘူးဖြစ်နေသည်။ ဒါမှမဟုတ်လျှင် ထိုလူကို တွန်းလှဲပြီး ထွက်ပြေးနိုင်သည်လေ။ ဒါလဲသူမမလုပ်ဖြစ်။ ရုံးယူနီဖောင်းနှင့်မို့သာ မလုပ်ဖြစ်ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ ခိုလေးတွေကို မကယ်တင်နိုင်ခဲ့ပါ။ သူမက ထိုလူကို တည့်တည့်စိုက်ကြည့်နေသည့်အတွက် ထိုလူလဲ မလုံမလဲနှင့် ထွက်သွားတော့သည်။ ခိုစာကျွေးသော ထိုလူသည် တကယ်တမ်းတော့ မျက်နှာဖုံးစွပ်ထားခြင်းသာ ဖြစ်သည်။ အစာကျွေးဟန်ဆောင်ကာ နောက်ဆုံးတော့ ခိုလေးတွေ၏ အသက်ကို ရန်ရှာသူဖြစ်နေသည်။ ထိုနေ့မြင်ကွင်းမှတစ်ဆင့် လောကတွင် မျက်နှာဖုံးစွပ်ကာ တစ်ပါးသူကို ထိခိုက်အောင်လုပ်နေသော လူတွေဘယ်လောက်တောင်ရှိမည်လဲ။ လူအချင်းချင်း မျက်နှာဖုံးစွပ်ကာဆက်ဆံနေမှန်း ဘယ်အရာကို ကြည့်၍ ကောက်ချက်ချနိုင်မည်လဲဆိုတာတော့…………….
ရိုးမြေကျ(26.10.2012, 9:30pm)
(စာရေးသူ ဒီတစ်ပုဒ်တင်ပြီးရင် စာရေးတာကို ခဏနားထားပါမယ်။ စာမေးပွဲဖြေဖို့ တစ်လပဲလိုတော့တဲ့အတွက်ကြောင့် စာကြည့်ဖို့ကြိုးစားလိုက်ပါဦးမယ်။ စာမေးပွဲက ဒီဇင်ဘာလဆန်းမှာ ဖြေရမှာ ဆိုတော့ အဲဒီနောက်ပိုင်းမှပဲ ပို့စ်တွေတင်ပါတော့မယ်။ဒီကြားထဲမှာ ချစ်မိတ်ဆွေဘလော့ဂါများဆီ စာဖတ်ပြီး ကွန်မန့်ပေးနိုင်အောင်လဲ ကြိုးစားပါ့မယ်။ အကယ်၍ အိမ်လေးတွေဆီမရောက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးပါ။ စာမေးပွဲပြီးမှ အကြွေးပြန်ဆပ်ပါ့မယ်လို့ ကတိပေးပါတယ်။)

16 comments:

Phyu Lwin said...

လောကကြီးက တခါတလေ ကိုယ်လိုက်မမှီအောင် ရှု့ပ်ထွေးတယ်.. တခါတခါတော့လည်း လွယ်လွယ်လေးပါပဲ... လူတွေအမျိုးမျိုးကြားမှာ ဟန်ဆောင်မျက်နှာဖုံးတပ်ထားတဲ့သူတွေလည်း အများကြီးရှိမှာပဲညီမရဲ့..။

မြတ်နိုးသူ said...

အတွေးစလေးများဖတ်သွားပီနော်အမ

roseayemaung said...

အားပေးခဲ့ပါတယ်....

နွေလ said...

စာမေးပွဲ ဖြေနိုင်ပါစေ အစ်မရေ
ဆုတောင်းပေးပါတယ်

Cameron said...

အဲလိုပတ်ဝန်းကျင်ကထွက်ကျလာတတ်တဲ့ အတွေးစလေးတွေကို ပြန်မျှဝေခွင့်ပေးနိုင်တာ စာရေးတဲ့သူတွေပဲလေ...။ စာမေးပွဲအတွက် စိတ်အေးလက်အေး စာဖတ်ပါ ညီမ...။

Anonymous said...

FIGHTING !!! ရိုးမြေကျ ...ခက်တယ် ဘာသာရပ်တွေက ....း))

စံပယ်ချို said...

ခေတ်နဲ့ပြောရမယ်ဆိုရင် ဒီအချိန်မှာလူတွေ
အတော်များများ ဟန်ဆောင်တတ်ပြီး
မျက်နှာဖုံး အတုတွေတပ်တဲ့သူများလာတယ်
စာမေးပွဲကိုကြိုးစားနော် ပြီးမှပဲပြန်ဆုံကြမယ်
အောင်မြင်ပါစေလို့ sis jasmine

လေပြေချို said...

ကြောက်စရာပါလားနော် .. ခိုလေးတွေကို အစာကြွေးနေတာမြင်တော့ ဒီလူကကိုယ်ချင်းစာစိတတ်ရှိမယ်.. သနားညှာတာတဲ့စိတ်ရှိမယ်ထင်ပြီး လေးစားမိမှာအမှန်ပဲ.. မျက်နှာဖုံးတုတွေသာ တပ်ဆင်မထားဘူးဆိုရင် လောကကြီးလဲ အမြဲလှနေမှာ...

Unknown said...

ရိုမြေကျလေး
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

kiim said...

စာလာဖတ်သွားပါတယ်ညလေးရေ...
အဲ့လိုမျက်နှာဖုံးတပ်ထားတဲ့သူတွေကို
ခွဲခြားဖို့ ကလဲခက်တော့.. ခက်တယ်ကွယ်...
စာမေးပွဲဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...း)

Thamee Su said...

အတွေးစလေးက တွေးစရာတော်တော်များတယ်နော် ဟန်ဆောင်မျက်နှာဖုံး ခွဲလဲမခွဲခြားနိုင်ဘူးး( စာမေးပွဲဖြေနိုင်ပါစေနော်

မိုးနတ်ကြယ်စင် said...

ဟင်..မ..စာမေးပွဲဖြေရအုံးမယ် ဟုတ်စ..
မိုးနတ်က ပြန်ဆုံနိုင်ပြီထင်နေတာ..
ခဲလေသမျှ သဲရေကျရတယ်ကွာ....ဟုတ်ပါ..
ဘယ်တတ်နိုင်မလဲ ..မကို စောင့်နေမယ်နော်..
ဆက်ဆက်ပြန်လာခဲ့မယ် မဟုတ်လားဟင်....
(မသိရင် အကြာကြီးပဲခွဲနေတော့မှာလိုလို မိမိုးနတ်က အဲလိုအဖြစ်သည်းတာ)
မရဲ့ အတွေးလေးကို ခံစားသွားတယ်ဗျာ...
သိပါဘူး..မရဲ့ရင်ခုန်ဘက်နဲ့များ ရွှေလက်ဆက်သွားပြီလားလို့..ဟိ
စတာနော်မ...
ချစ်ခင်လေးစားအားကျလျက်...
မိုးနတ်

ညီလင်းနိုင် said...

အတွေးလှလှလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

roseayemaung said...

ဟာ....ဒုခပါပဲ...ရှက်လိုက်တာလေ
...နှင်းဆီနောက်တာမဟုတ်ပါဘူး...ယောက်ကျာင်္းလေး
လို့ပဲထင်နေတာလေ...စိတ်ဆိုးနဲ့နော...မရိုးမြေကျ...ေ၇....နော်..

Thu said...

စာမေးပွဲဖြေတော့မှာလား။
Ajaja Fighting!!!

Unknown said...

;) ကျေးဇူးပါဗျို့ စာလေးတွေ လာဖတ်ပေးလို့ ၊
ဒါက မဂ္ဂဇင်းထဲပါနေကျ လက်ရာထင်ရလောက်အောင် ကောင်းတယ် နောက်တစ်ခေါက်ထပ်ဖတ်သွားတယ်း)

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။