Monday, August 27, 2012

ကျွန်းကိုင်းမီကိုင်းကျွန်းမီ


ဆုရပြောင်းပင်တွေကို စိုက်ပျိုးတဲ့ နီဘရာစကာ လယ်သမားတစ်ယောက်ရှိတယ်။ ပြည်နယ်အဆင့် ကုန်စည်ပြပွဲမှာ သူ့ရဲ့ပြောင်းပင်တွေကို နှစ်စဉ်ပါဝင် ယှဉ်ပြိုင်ရာမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ဖဲကြိုးပြာဆု ချီးမြှင့်ခံရပါတယ်။
တစ်နှစ်က သတင်းထောက်တစ်ယောက်က သူ့ကို အင်တာဗျူးခဲ့တယ်။သူ ဘယ်လို စိုက်ပျိုးသလဲဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာကို သိလိုက်ရတယ်။ သတင်းထောက် သိခဲ့ရတာက လယ်သမားဟာ သူ့ရဲ့ ပြောင်းမျိုးစေ့တွေကို သူ့ရဲ့ အိမ်နီးချင်းတွေကို ဝေမျှပေးတယ် ဆိုတာပါပဲ။
သတင်းထောက်က မေးခဲ့တယ်။ “ခင်ဗျား အိမ်နီးချင်းတွေက ပြိုင်ပွဲမှာ ခင်ဗျားရဲ့ ပြောင်းတွေနဲ့ နှစ်တိုင်း ပါဝင် ယှဉ်ပြိုင်တဲ့အခါ သူတို့တွေကို ခင်ဗျားရဲ့ အကောင်းဆုံးပြောင်းမျိုးစေ့တွေကို ဘယ်လို ဝေမျှပေးနိုင်တာလဲ။”
“ဘာ့ကြောင့် ခင်ဗျား မသိတာလဲ။” လို့ လယ်သမားက ပြောတယ်။ “ လေက ရင့်မှည့်နေတဲ့ ပြောင်းတွေကနေ ဝတ်မှုန်တွေကို သယ်ဆောင်ပြီး လယ်ကွင်းတစ်ကွင်း ကနေ တစ်ကွင်းကို လှည့်ပတ်နေတာပါ။ ငါ့အိမ်နီးချင်းတွေက မကောင်းတဲ့ပြောင်းတွေစိုက်ခဲ့ရင် လေကတစ်ဆင့် ဝတ်မှုန်ကူးခြင်းဟာ ငါ့ပြောင်းတွေရဲ့ အရည်အသွေးကို တဖြည်းဖြည်း နိမ့်ကျသွားစေမယ်။ ငါက ပြောင်းကောင်းကောင်း စိုက်လိုရင် ငါ့အိမ်နီးချင်းတွေ ပြောင်းကောင်းကောင်း စိုက်တာကို ကူညီရလိမ့်မယ်။”
သူဟာ ဘဝရဲ့ဆက်စပ်ပတ်သက်မှုကို အလွန်သတိပြုမိတယ်။ သူ့အိမ်နီးချင်းတွေရဲ့ ပြောင်းတွေ မဖွံ့ဖြိုးဘူး ဆိုရင် သူ့ပြောင်းတွေလည်း မဖွံ့ဖြိုးနိုင်ပါ။
တခြားရှုထောင့်တွေမှာလည်း ဒီလိုပါပဲ။ အဆင်ပြေဖို့ ရွေးချယ်လိုက်သူဟာ သူ့အိမ်နီးချင်းတွေ အဆင်ပြေဖို့ ကူညီရပါလိမ့်မယ်။ ကောင်းကောင်းနေထိုင်ဖို့ ရွေးချယ်လိုက်သူဟာ တခြားသူတွေကို ကောင်းကောင်းနေထိုင်ဖို့ ကူညီရပါလိမ့်မယ်။ ဘဝတစ်ခုရဲ့ တန်ဖိုးကို ယင်းနဲ့ ထိတွေ့ဆက်စပ်တဲ့ ဘဝတွေနဲ့သာ တိုင်းတာနိုင်တယ်။ ပျော်ရွှင်ဖို့ ရွေးချယ်လိုက်သူဟာ အခြားသူတွေ ပျော်စရာတွေ့အောင် ကူညီရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ဦးတစ်ယောက်ချင်းရဲ့ အရေးကိစ္စဟာ အားလုံးရဲ့ အရေးကိစ္စနဲ့ ဖွဲ့စည်းချည်နှောင်ထားလို့ပါပဲ။
ကျွန်တော်တို့အားလုံးအတွက် သင်ခန်းစာကတော့ ကျွန်တော်တို့သာ ပြောင်းကောင်းကောင်းစိုက်လိုရင် ကျွန်တော်တို့ အိမ်နီးချင်းတွေ ပြောင်းကောင်းကောင်း စိုက်တာကို ကူညီရပါလိမ့်မယ်။

Source: Internet , Growing Good Corn , Author Unknown
No.(108),June,2008 The Best English Magazine

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။