Wednesday, October 17, 2012

သိပ္ပံလမ်း



သာမန်လူတွေလဲ ဖြတ်လျှောက်ဖူးမယ်
အထင်ကရတွေလဲ နင်းလျှောက်ဖူးမယ်
ဒါပေမယ့်
ဒီလမ်းရဲ့ ပန်းချီ ပိုအသက်ဝင်စေတာက
ဒီလမ်းလေးမှာ
ချစ်သူရဲ့ အိမ်လေးရှိတယ်…
အနာဂတ်အတွက် ချစ်သူရဲ့ လန်းဆန်းတဲ့ ခြေလှမ်းတွေရှိတယ်
အိမ်အပြန် နွမ်းလျတဲ့ ခြေလှမ်းတွေလဲ ရှိတယ်
အတူတူ ယှဉ်တွဲ မလျှောက်ဖူးပေမယ့်
အတူတူ ယှဉ်တွဲ လျှောက်ခဲ့ဖူးသလို လွမ်းဆွတ်ခြင်းတွေပေးတယ်…
ချစ်သူရဲ့ ခြေလှမ်းတွေ မယိမ်းယိုင်စေဖို့
ရိုးရိုးလေးရှိနေပေးတဲ့ အဲဒီလမ်း
တစ်ခါပဲ……….
တစ်ခါပဲ……...
ကိုယ်ရောက်ခဲ့ဖူးတယ်
ချစ်သူရဲ့ ရယ်သံလွင်လွင်တွေနဲ့
အသက်ဝင်နေမယ့်
အဲဒီလမ်းလေးကို အကြိမ်ကြိမ် လွမ်းဆွတ်ဆဲ
အဲဒီလမ်းလေးကို အခါခါ ကျေးဇူးတင်မိဆဲ…….။   ။
ရိုးမြေကျ(17.10.2012, 10:30am)

16 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးခံစားသွားပါတယ် ။ချစ်သူအတွက် လမ်းလေးတောင်ကျေးဇူးတင်စရာကောင်းတယ်နော်

Phyu Lwin said...


Thu said...

ဒီစာကြောင်းလေးကိုကြိုက်တယ်။
ဒါနဲ.မန်းလေးကသိပ္ပံလမ်းလားဟင်။ချစ်သူရှိရင်လမ်းလေးတောင်သာယာသွားတာပါလားနော်။
ကျွန်တော့်အတွက်တော့ သိပ္ပံလမ်းကတော်တော်လေးအမှတ်တရတွေများတယ်။
မနက်တိုင်းရုံးသွားရင်းဆိုင်ကယ်ခဏခဏတိုက်မိမလိုဖြစ်လို. :D

ဆန်းစနေ၀န်း said...

ဒီလမ်းလေးကို ဖြတ်လျှောက်သွားပါတယ်...

Yoemyaykya said...

မန်းလေးဟုတ်ဘူး။ဘယ်မှာတုန်းဆိုတာပြောပြ၀ူး

kiim said...

ကဗျာလေးကအရမ်းကောင်းတယ်ညလေးရေ..
ခံစားချက်လေးတွေပေါ်လွင်နေတယ်.. :)

စံပယ်ချို said...


တကယ်လို့အဲဒီအိမ်လေးမှာချစ်သူကစောင့်နေခဲ့ရင်
ခြေလှမ်းတွေ ခိုင်မြဲပြီးသွက်လက်နေမှာပါနော်
ဟုတ်
ချစ်တဲ့ sis jasmine

မြတ်နိုးသူ said...

ချစ်သူရဲ့ရယ်သံလွင့်လွင့်တွေနဲ့အသက်ဝင်နေမယ့်
သိပ္ပံလမ်းတဲ့ညလေးတော့နေ့တိုင်းရောက်ဖြစ်တယ်အမရေ
အမရဲ့သိပ္ပံလမ်းတော့မဟုတ်ဘူးမန်းလေးသိပ္ပံလမ်းကြီးကိုပြောတာ

လရိပ်အိမ် said...

ဘာလို့တစ်ခါဘဲလဲ။ လမ်းပိတ်သွားလို့လားးး

roseayemaung said...

ကဗျာလေးကိုလာရောက်အားပေးခဲ့ပါတယ်နော...
လင့်ချိတ်ထားပြီ...

Cameron said...

I only knew that road is in Mandalay sis...

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားတယ်ညီမရေ..
စာသားလေးတွေကြိုက်တယ်..

Unknown said...

သပ္ပံလမ်းကဗျာလေးအားပေးသွားပါတယ်ကွယ်။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

မင်းအရိပ် said...

ကဗျာလေး လာအားပေးသွားပါတယ်ခင်ဗျာ

မိုးနတ်ကြယ်စင် said...

မရေ..စာကြွေးတွေဆပ်ရင်းရောက်ခဲ့တယ်...
သိပ္ပံလမ်းဆိုတာ ညလေးတို့မြို့မှာလဲရှိတယ်...
ကဗျာလေးက နူးညံ့ပြီး လှပလိုက်တာ...
ဖတ်ရတာ တမျိုးလေးဆိုတာထက် ရသအမျိုးမျိုးပေးနိုင်တယ်
မလက်ရာတွေကို စွဲလန်းနေရတဲ့ အဓိကအချက်ထဲမှာ
အဲဒါကလဲ ထိပ်ဆုံးကပါနေတယ်....

yatuthit said...

သိပ္ပံလမ်းကဗျာဖတ်ပြီး မန်းလေးက သိပ္ပံလမ်းကိုတစ်ခေါက်ရောက်ခဲ့တယ်..ကဗျာလေးထဲကအတိုင်း
သိပ္ပံလမ်းဟာ..နေရောင်အောက်မှာလှပနေတယ်လေ..။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။