Tuesday, September 25, 2012

ရင်ဖွင့်စာ



ပြီးခဲ့တဲ့ စနေနေ့ကတည်းက စာရေးသူရင်ထဲမှာမကောင်း။ ရုံးရောက်တော့ ဘလော့ဂ်လေးဝင်ကြည့်တော့ စီဘောက်မှာ ဘယ်သူမှန်းမသိ လာအော်နေတယ်။ ရေးသွားတာတွေကြည့်ပြီး စာရေးရမှာ စိတ်ဓာတ်တော်တော်ကျသွားတယ်။ စာဖတ်သူတွေအတွက် စာရေးသူရေးတဲ့စာတွေက အဆိပ်အတောက်တွေပါတယ်ဆိုရင် စာရေးတာကို စွန့်လွှတ်ပေးဖို့ပါ စဉ်းစားထားတယ်။  စီဘောက်ကစာတွေကိုဖျက်ပစ်လိုက်လို့ရပေမယ့် သတ်သတ်ကို မဖျက်ဘဲထားလိုက်တယ်။ ဖျက်ပစ်လဲ နောက်ထပ်လာအော်ရင် သူရေးလာမယ့်စာတွေဖျက်ပစ်ဖို့အချိန်မပေးချင်ဘူး။ ဒီဘလော့ဂ်လေးကို စလုပ်ခဲ့ကတည်းက စာရေးသူက The Best English မှာဖော်ပြခံရဖူးတဲ့စာတွေနဲ့ တချို့စာမူလေးတွေကို မှတ်တမ်းသဘောမျိုးလေးတင်ထားဖို့ပဲ ရည်ရွယ်ခဲ့တာပါ။ အလကားရတဲ့ ဘလော့ဆိုပေမယ့် အဲဒီဘလော့အပေါ်မှာ အချိန်ပေးရပါတယ်။ ဘလော့တစ်ခု ဘယ်လိုဖန်တီးရလဲဆိုတာတွေ ဖတ်ရတယ်။ ပြီးတော့ ဘလော့ဂ်မှာ စာတွေတင်နိုင်အောင် ကြိုးစားရသေးတယ်။ ပတ်ဝန်းကျင်မှာ “ငါဘလော်ဂါ ငါဘလော်ဂါ” လို့ ကြွေးကြော်ချင်လို့လည်းမဟုတ်ဘူး။ ဒီအတိုင်းလေး အမှတ်တရသဘောမျိုးနဲ့ပါ။ ဒါပေမယ့် စီနီယာ အစ်ကို အစ်မတွေက လက်တွဲခေါ်ကြလို့ ရိုးမြေကျရဲ့ ဘလော့ဂ်ဟာ ဒီနေ့လို ပုံပေါ်လာပါတယ်။ ပြီးတော့ ခုနှစ်နီးပါးဝေးခဲ့တဲ့ ကဗျာတွေနဲ့ပြန်နီးစပ်လာတာမကြာသေးပါဘူး။စာရေးသူ ကဗျာတွေရေးနိုင်ဖတ်နိုင်လာတာ လပိုင်းပဲရှိပါသေးတယ်။ ဒါကလည်း အစ်မစံပယ်ရဲ့ ကျေးဇူးကြောင့်ပါ။ စာတွေမရေးဖြစ်တာလည်းတစ်နှစ်ကျော်ကြာပါပြီ။ စာရေးသူ စိတ်ဓာတ်ကျပြီး လေနေခဲ့တာလည်းကြာပြီ။ စိတ်ဓာတ်ခွန်အားပြန်တက်လာတာ (၁၀)လကျော်လောက်ပဲရှိသေးတယ်။ တတိယမြောက် လွှမ်းမိုးသူအကြောင်းရေးဖို့လည်း mood ပျောက်နေတယ်။ ဘယ်တော့ပြန်ရေးဖြစ်မလဲမှန်းလို့မရတော့ပြန်ဘူး။ ဒီအတိုင်းလေး စိတ်ထဲခံစားရတာလေး ချရေးမိသွားတယ်။ ရင်ထဲပေ့ါသွားအောင်လို့ပါ။

15 comments:

Cameron said...

ညီမရေ...ဘာမှသိပ်ပြီးစီးရီးယက်မဖြစ်ပါနဲ့ ဘလော့ရေးတဲ့သူတိုင်း စီဘောက်ရဲ့ထိုးနှက်ချက်ကို ခံရစမြဲပါ...။ အစ်မဆိုနောက်ဆုံး စီဘောက်ကြီး ဖြုတ်ပစ်လိုက်ရတဲ့အထိပဲ..မဟုတ်မဟတ်လင့်တွေလဲ လာချိတ်လိုချိတ်နဲ့လေ....။ ဒီမဖြစ်စလောက်လေးနဲ့ ကိုယ့်ရဲ့ ဦးတည်ချက် ရည်ရွယ်ချက် ကိုယ်ချစ်တဲ့စာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လွယ်လွယ်နဲ့ဖျက်ပစ်လိုက်ဖို့ စိတ်မကူးမိပါစေနဲ့လို့ပဲ အားပေးပါရစေ..။

Phyu Lwin said...

ဟုတ်တယ် ညီမလေး အစ်မမိုးငွေ့ပြောသလိုပါပဲ.. ဘလော့ဂ်မှာ C-box ထားရင် အဲလိုပဲ ရေးတာတွေနဲ့ တနေ့ကြုံကြရတာပဲ...နောက်တော့ကျင့်သားရသွားမှာပါ.. စိတ်ဓါတ်မကျပါနဲ့ အစ်မတို့ အမြဲအားပေးပါတယ်.. ကိုယ်ဝါသနာပါရာရေးကြတာပဲလေ.. professional မှ မဟုတ်ကြတာ.. စာတွေဆက်ရေးနော်

လေပြေချို said...

စာပေ၀ါသနာတူတွေမို့ အမြဲအားပေးနေမှာပါ.. ကိုယ့်စိတ်ကိုအနှောင့်အယှက်ဖြစ်စေမယ့်အရာတစ်ခုကို မြင်လိုက်ပေမယ့်လဲ ဥပေက္ခာပြုပြီးနေလိုက်ပါ.. ကိုယ့်ဝါသနာလေးကိုတော့ အပွန်းအပဲ့မခံပါနဲ့..ဒီလိုမျိုး လေပြေကိုယ်တိုင်က ခံစားခဲ့ဖူးတော့ ကိုယ်ချင်းစာမိပါတယ်.. စိတ်ထဲမှာတော့ တော်တော်အားငယ်သွားတယ်..ဒါပေမယ့် ခဏပါ..အဲ့ဒါကို ငါမမြင်ခဲ့ဘူးလို့ပဲ သဘောထားပြီး ရေးစရာရှိတာဆက်ေ၇းတာပဲ..အားပေးနေမယ်နော် :)
ခင်တဲ့
လေပြေ

လရိပ်အိမ် said...

ညီမလေး
စိတ်မကောင်းမဖြစ်ပါနဲ့။ စိတ်ဓာတ်လဲမကျနဲ့။
ကိုယ်ကြိုးစားထားတဲ့ ဘလော့လေးကိုလဲ မရေးတော့ဘူးလို့ မဆုံးဖြတ်ပါနဲ့။ တန်ဖိုးထားပါ။ ဘလော့တစ်ခု ဖြစ်လာဖို့ဆိုတာ လွယ်တာဟုတ်ဘူး။
သူများတွေဘာပြောပြော ကိုယ်ရေးချင်တာ ရေးနေဖို့ဘဲလိုပါတယ်။

အိပ်မက်ကောင်းကင် said...

ရိုးမြေကျလေးရေ သူတို့တွေဘာပြောပြော စိတ်မကောင်းဖြစ်မနေနဲ့နော်
စိတ်ဓာတ်လည်းကျမနေနဲ့ လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ
ကိုယ့်ဝါသနာနဲ့ကိုယ်ပေါ့ သူနည်းပညာသိချင်ရင် နည်းပညာဆိုဒ်သွားဖတ်လို့ရတာပဲ
ရိုးမြေကျက The best english ကဆိုတာသိရတော့ ၀မ်းသာမိပါတယ်
ကျွန်တော်လည်း The best english က Pen friend ပဲလေ
ဖြစ်ခဲ့တာတွေကိုမေ့ထားလိုက်ပါ ပျော်ပျော်နေတာပဲကောင်းပါတယ်
စာတွေကို များများရေးသားနိုင်ပြီး ပျော်ရွှင်နိုင်ပါစေနော် ရိုးမြေကျလေးရေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

kiim said...

စိတ်မညစ်ပါနဲ့ ညလေးရေ....
မနာလိုဖြစ်နေလို့ လို့ ဖဲတွေးလိုက်ပါ.....
စိတ်မကောင်းဖစ်မယ်ဆိုတာတော့နား
လည်ပေးနိုင်ပါတယ်.....

မြတ်နိုးသူ(MUFL) said...

မမရေဘာမှစိတ်ညစ်မနေပါနဲ့
စိတ်ဓါတ်လည်းမကျပါနဲ့
မမရဲ့ပတ်ဝန်းကျင်မှာ
လူချင်းဝေးနေပေမယ့်
စိတ်ချင်းနီးစပ်နေကျတဲ့
ညီမလေးတို့တွေရှိတယ်လေအမရဲ့
စိတ်ဓါတ်ခွန်အားလေးတွေအမြဲတမ်းတက်နေအောင်
ကျန်းမာေ၇းကိုလည်းဂရုစိုက်ပါအုံးနော်
အားပေးနေတဲ့ညီမလေး

စံပယ်ချို said...

စိတ်ထဲထားစရာအကြောင်းကိုမရှိပါဘူး
သူကသတ္တိမရှိလို့ အဲလိုရေးတာပါ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အချင်းမရှိ
တာလဲပါတာပေါ့
အဲတာကြောင့် အဲဒီအရေးအသားအတွက် စိတ်ညစ်စရာမလိုပါဘူးနော်
ချစ်တဲ့ jasmine

အန်တီလေးမေခင် said...

ရိုမြေကျလေး
ဘယ်သူတွေဘာပြောပြောစိတ်ဓါတ်မကျပါနဲ.
စိတ်မကောင်းမဖြစ်ပါနဲ.။ကိုယ်ကြိုးစားတန်ဘိုးထားတဲ.ဘလော.လေးကို
မရေးတော.ဘူးလို.အလျင်စလိုမဆုံးဖြတ်လိုက်ပါနဲ.ကွယ်။ဘလော.
တစ်ခုဖြစ်ဖိုဆိုတာလွယ်တာမှုတ်ဘူးလေ။ဘလော.မှာစာရေးရတာအနည်း
ဆုံးတော.ကိုယ်ရဲ.တန်ဘိုးရှိတဲ.အချိန်လေးတွေကိုဖဲ.သုံးရတာဘဲလေ။
ကောလဟာလတွေဘေးဖယ်ထားပြီးစာတွေများများရေးနိုင်အောင်ကျန်းမာ
ရေးဂရုစိုက်ပါကွယ်။ခင်တဲ.အန်တီလေးမေခင်

လွင်ပြင်လှိုင်းငယ် said...

စိတ်ဓါတ်မကျပါနဲ့ ညီမလေး ကိုယ်လုပ်စရာရှိတာဆက်သာလုပ် ။

မိုးနတ်ကြယ်စင် said...

ဟင်..အဲဒါဘာတွေပြောနေကြတာလဲဟင်..ညလေးမသိဘူး..ပြီးမှ မမစီဘောက်ကို ၀င်ကြည့်လိုက်မယ်နော်...မရေ..စိတ်ဓါတ်မကျပါနဲ့ဟာ
ညလေးတို့ရှိတယ်.ဘာမှ အားမငယ်နဲ့နော်..ဘာတွေပဲဖြစ်ဖြစ် မ စာတွေဆက်ရေးရမယ်နော်.ညလေးကို ကတိပေးပါဟာ..အပင်မြင့်လေ လေတိုက်ခံရလေပဲ...ခုမရဲ့ အပင်က ညလေးသိသလောက် အရမ်းကြီးမမြင့်သေးတာတောင်..ဒီလိုစိတ်ပုပ်တဲ့လူတွေရှိတယ်လား...တော်တော်ယုတ်ညံ့တဲ့လူတွေ...သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်နော်..အဲဒိအတွက်ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့မ...အလကား သူတို့ပြောခဲ့တဲ့ စကားတွေခေါင်းထဲရောက်နေရင် မ စာရေးဖို့ mood ပျောက်နေမယ်နော်..ပျော်ပျော်နေပါ မရယ်...
မ ကိုအမြဲချစ်ခင်အားပေးနေမယ်နော်
ခင်မင်လေးစားလျက်..မိုးနတ်

မင်းအရိပ် said...

ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်တဲ့
သူတို့ ပြောချင်တာပြောကြပါစေ၊ ကိုယ်လျှောက်မယ့်လမ်း ကိုယ့်ဘာသာဖောက် ကိုယ့်ဘာသာ လျှောက်ကြရမှာပါ။
ကိုယ်ဝါသနာပါတဲ့အလုပ် ကိုယ်လုပ်တာပဲလေ၊ ပြောချင်တဲ့သူက ပြောချင်တာ ပြောပါစေလေ။ သူ့ဝါသနာနဲ့သူ နေမှာပေါ့။
ကျွန်တော်ကတော့ အေးဆေးပဲ
စီဘောက်စ်ကို ဘယ်သူမှ မလာလို့ ဟိဟိ :P

Anonymous said...

စိတ်တော့ညစ်ပါနဲ.။အွန်လိုင်းဆိုတော့ လူစုံစကားစုံလေ။
ကောင်းတဲ့အမြင်တွေရှိကြသလို၊ မကောင်းတဲ့အမြင်တွေလည်းရှိတာပဲ။
ကိုယ့်လုပ်စရာရှိတာကိုသာ ကြိုးစားလုပ်ပါရိုးမြေကျရေ။
AjaAja Fighting
Areal Thu

ချစ်စံအိမ် said...
This comment has been removed by the author.
ချစ်စံအိမ် said...

ရိုးမြေကျရေ ဂရုစိုက်မနေပါနဲ့ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်နော်
စာတွေလည်းရေးပါ..

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။