Monday, July 16, 2012

ကာရန်မဲ့အလွမ်း



သူငယ်ချင်း

ချန်ရစ်သူနဲ့ ကျန်ရစ်သူ
ဘယ်သူပိုလွမ်းမယ်လို့ မင်းထင်လဲ။
အရာရာ မတည်မြဲတဲ့ လောကကြီးမှာ
မင်းကို လွမ်းတဲ့ ငါ့စိတ်တွေ
ဘာကြောင့်များ တည်မြဲနေရတာလဲ
ငါတို့ အတူ လျှောက်ခဲ့ဖူးတဲ့ မြေနီလမ်း
ငါတို့အတူ ထိုင်ခဲ့ဖူးတဲ့ နေရာဟောင်းလေး
ကုန်ကုန်ပြောမယ်ကွာ….
လေအပင့်မှာ ကြွေလွင့်တဲ့ ရော်ရွက်ဝါတွေ အစ
ပြာလဲ့လဲ့ မိုးကောင်းကင်ကြီးအဆုံး
အဲဒီ…အဲဒီ မင်းအငွေ့အသက်တွေရှိတဲ့
ပတ်ဝန်းကျင်မှာ
စီးမြောခဲ့တာ နှစ်အတော်ကြာခဲ့ပြီ…
တကယ်ဆို
ငါမျှော်နေမိတာက
ငါ့နောက်က ရောက်လာမယ့်
ခြေသံခပ်ဖွဖွလေးရယ်
ငါ့မျက်ဝန်းကို လာအုပ်မိုးမယ့်
လက်အစုံရယ်ပါ…
သူငယ်ချင်း
ခုတော့ ငါသိပြီ
ချန်ရစ်သူနဲ့ ကျန်ရစ်သူ
ကျန်ရစ်သူက ပိုလွမ်းတတ်သတဲ့။ ။

မှတ်ချက်။ ကွန်ပျူတာကျောင်းတက်တုန်းက ထုတ်ခဲ့ဖူးတဲ့ ကဗျာစာအုပ်ထဲက စာရေးသူရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ အဲဒီကဗျာစာအုပ်က တော်တော်လေးတော့ အောင်မြင်ခဲ့ပါတယ်။

2 comments:

စံပယ္ခ်ိဳ said...

သေချာတွေးရင်တော့ ကျန်ရစ်သူ ကအလွမ်းပိုတယ်
ချန်ရစ်သူလဲလွမ်းတာပေါ့ သူကနဲနဲဖြေသာတယ်လေ

မိုးညချမ်း said...

ဘာကြောင့်များ တည်မြဲနေရတာလဲ” ... အလွမ်းတွေက ရင်နဲ့မဆံ့အောင် ခံစားရတဲ့အခါ နှလုံးသားက တဆစ်ဆစ်နဲ့နာကျင်နေရပါလားနော် ... :)

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။