Tuesday, July 10, 2012

တမိုးအောက်



ချစ်သူ
မင်းလည်း မင်းမြို့လေးမှာ
ရစ်သမ်ကိုက် လှုပ်ရှားရင်း
ငါလည်း ငါ့မြို့လေးမှာပဲ
နရီစည်းဝါးညီအောင် ရုန်းကန်ရင်း
တစ်မြို့ တစ်နယ်စီဆိုတဲ့ အတွေးကို မောင်းထုတ်
အလွမ်းလေးသည်တော် ပစ်လွှတ်လိုက်တဲ့
မြားဒဏ်ရာကြောင့် ဘယ်ဘက်ရင်အုံရဲ့
တဆစ်ဆစ်နာကျင်မှုနဲ့
ပြန်ဆုံမယ့်နေ့ရက်တွေကို လက်ချိုးရေတွက်လို့
မင်းဆီက မရဘူးသေးတဲ့ ပန်းသီးတစ်လုံး ၊ ချောကလက်တစ်ခု
မင်းဆီက မကြားရသေးတဲ့ ချစ်တယ်ဆိုတဲ့ စကားထက်
တစ်မိုးအောက်ဆိုတဲ့ အတွေးနဲ့တင်
ငါ ငါကျေနပ်ပါတယ်ဟာ……။ ။
ရိုးမြေကျ
Someone Special အတွက် June(11) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အမှတ်တရ

1 comments:

လရိပ်အိမ် said...

ရိုးမြေကျရဲ့ချစ်သူရေ....
ရိုးမြေကျအတွက် ပန်းသီးမလိုဘူး။ သူ့မှာ ၂ ခုတောင်ရှိတယ်။ တစ်ခုက ပန်းသီး( ဒါပေမဲ့ သူ့ပန်းသီးက ဘယ်ကကောင်လေး တစ်ကိုက်ကိုက်လိုက်လဲမသိပါဘူး )။ နောက်တစ်ခုက ခုခေတ်စားနေတဲ့ စကြာဝဋာ ၂ ဆိုလား ဘာလားဘဲ။
သူမလေးအတွက် နှင်းဆီပန်း(ပန်းသီးအစား) နဲ့ချောကလက်ရယ် ၊ ထီးတစ်ချောင်း(တစ်မိုးအောက်နေချင်တယ်ဆိုလို့ပါ)ဆိုရပါပြီ။

ကဗျာလေးကလှတယ် ညီမလေးရေ။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။