Sunday, July 15, 2012

ရပ်နေပေးပါ…



ကျေးဇူးပြုပြီး အဲဒီနေရာမှာပဲ
ရပ်နေပေးပါ….
ငါနဲ့ နီးဖို့မင်းဘက်က တစ်လှမ်းချင်းလျှောက်မလာနိုင်ရင်တောင်
အဲဒီနေရာမှာပဲ
မင်း ရပ်နေပေးပါ…
ငါက မင်းနဲ့နီးဖို့တစ်လှမ်းချင်းလျှောက်လာနေတုန်းမှာ
မင်းက နောက်ဆုတ်သွားရင်
ငါတို့ပိုဝေးသွားမှာပေ့ါ……….

4 comments:

Anonymous said...

ရပ်နေတယ်...မရွေ့ဘူးးP

မိုးညချမ်း said...

ငါတို့ပိုဝေးသွားမှာပေါ့……….” ... တိုတိုလေးနဲ့ ထိရောက်တယ် ... :)

စံပယ်ချို said...

လုံးဝကိုရပ်နေပါ့မယ်
မင်းတကယ်ကိုယ်ဆီရောက်အောင်သာလာခဲ့ပါ ချစ်သူ

Unknown said...

ရပ်စောင့်နေပေးပါ ချစ်သူ
မင်းဆီ ရောက်လာတော့မှာပါ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။