Monday, July 16, 2012

လူငယ်


မာနတွေ ခွာမချနိုင်ဘူး
ယုံကြည်မှုတွေနဲ့
အောင်မြင်မှုဆီ လှမ်းလို့
ပုံစံခွက်ထဲ အံဝင်ခွင်မကျတဲ့သူ။
မိုက်ရူးရဲ ဆန်ချင်ဆန်မယ်
လောကကို
အဖြူထည်နှလုံးသားနဲ့
အလှဆင်တဲ့သူ။
ချုပ်ခြယ်မှုကို တော်လှန်
လွတ်လပ်မှုကို
ဖက်တွယ်ပြီး
စည်းမပျက်တဲ့သူ။
သစ္စာတရားကို ကိုးကွယ်
ရိုးသားမှုကို မြတ်နိုး
မှန်တယ်ထင်ရာ
ရဲရင့်စွာ တင်ပြဝံ့သူ။

2 comments:

မိုးညချမ်း said...

လူငယ်တွေအကြောင်း ဖော်ကျူးထားတဲ့ကဗျာလေးပဲ ... ကောင်းတယ် ... :)

ကြည်ဖြူခင်ခင် said...

လူငယ်တွေအတွက် .. အားရှိစရာ ကဗျာကောင်းလေးပဲ..

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။