Sunday, October 21, 2012
အမွေ
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့်အကဲခတ်
တစ်ယောက်ပင့်သက်ကို တစ်ယောက်က
သံသယတွေဝင်လို့
ဒါအမွေကြောင့်များလား
ဒီအမွေကြောင့်ပဲ
ပြင်းထန်တဲ့ နှုတ်ထွက်စကားဓားတွေနဲ့
တစ်ယောက်နှလုံးသား တစ်ယောက်ခွဲခဲ့ကြပြီ
ထီမထင်အပြုအမူ မြှားချက်တွေနဲ့လဲ
တစ်အူတုံဆင်း ချစ်ခြင်းစည်းကို ဖျက်ခဲ့ကြပြီးပြီပဲ…
တော်ပါတော့..
ပညတ်တွေ ပရမတ်တွေ လှိုင်လှိုင်ပြောနေပြီး
ဘာလို့ ငွေကြေးဥစ္စာကို မှ
နတ်ဘုရားလို ရှေ့တန်းတင် ပူဇော်ချင်ကြတာလဲ…
ထင်းစည်းက ပြိုကွဲပျက်စီးသွားပြီးပြီ
သွေးက ရေထက်ပိုပျစ်တယ်ဆိုတဲ့
စကားနဲ့လည်း အရှက်ပြေ လူမပီသချင်နဲ့တော့
သွေးပုပ်သွေးညစ်ထက်
ရေကြည်ရေသန့်ကမှ ပိုကောင်းတယ်ဆိုရင်
ဘာလို့ အဲဒီသွေးတွေကို ဖောက်မထုတ်ပစ်ရဲလဲ………။     ။
ရိုးမြေကျ         (23.9.2012,2pm)
20 comments:
လွင်ပြင်လှိုင်းငယ် said...
သွေးပုပ်သွေးညစ်ထက်
အာပါးပါး....ကဗျာလေးကအရမ်းကောင်း တစ်ပုဒ်လုံးကိုကြိုက်တယ်
Phyu Lwin said...
လောကကြီးမှာ မြင်နေရတဲ့ အဖြစ်အပျက်တွေကို ကဗျာလေးရေးထားတာ ပီပြင်တယ်
Thu said...
ဘူနဲ.မှမပတ်သက်တာအကောင်းဆုံးပဲ။:P
မြင်သာအောင်ရေးပြသွားတာလေးတော်တော်လေးမိုက်တယ်
စံပယ်ချို said...
လက်ရှိမြင်တွေ့နေရတဲ့ မြင်ကွင်းဆိုတာသေချာတယ်နော်
အဓိပ္ပါယ်ပြည့်ဝတဲ့ကဗျာလေးပါကေသီရေ
စာသားလေးတွေလဲလှတယ်
ချစ်တဲ့ sis jasmine
အပြင်မှာတွေ့တဲ့အခါ မုန့်ကျွေးမှာပါနော်စိတ်ချ
khin said...
ညလေးရေ
ကဗျာလေးကို ဖတ်ရတာသဘောကျတယ် လက်ရှိလောကီလူသားတွေ ဖြစ်ပျက်နေတာလေးကို သဘာသကျကျ ချယ်မှုန်းပြထားတယ် မမကျားတို.မောင်နှမ(၁၀)ယောက်မှာ မမကျားဘဲ အမွေမရတာနော် ကျန်တဲ.သူတွေအကုန်ရတယ် ဒါပေမဲ.မိဘတွေက ဘ၀မှာ တင်.တောင်းတင်.တယ်နေထိုင်လှုပ်ရှားဖို. ပညာမွေတွေပေးပြီးပြီဘဲလေ အမွေမရလည်း မိဘကို သေသည်.တိုင်အောင် အတိုင်းမသိကျေးဇူးတင်နေဆဲပါကွယ်။
လရိပ်အိမ် said...
ကဗျာလေးခံစားသွားတယ် ညီမလေးရေ။
ချင်းမလေး said...
အကုန်လုံးကြီးမဟုတ်တောင် အနဲနဲ့ အများတော့
ဒီလိုစိတ်ထားကြတာပါပဲညလေးရေ...
Unknown said...
လက်ရှိလောကီလူသားတွေဖြစ်ပျက်သမျှလေးကို
ကဗျာလေးနဲ.ရေးဖွဲ.ပြထားတဲ.ပိုစ်.လေး
အားပေးသွားပါတယ်ကွယ်
ခင်တဲ.အန်တီလေးမေခင်
လေပြေချို said...
သွေးပုပ်သွေးညစ်ထက်
အရမ်းကောင်းတဲ့ ကဗျာလေးပါ.. လောကလူသားတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းလေး အဓိပ္ပါယ်ရှိရှိနဲ့ ထိထိမိမိထုဆစ်ပြသွားတာ..ကဗျာလေး အားပေးခံစားသွားတယ်နော်:)
ခင်တဲ့
လေပြေ
ချစ်စံအိမ် said...
သွေးပုပ်သွေးညစ်ထက်
Cameron said...
ခံစားချက်အစစ်အမှန်တွေမို့ မကောင်းဘဲနေမလား
Anonymous said...
သဘောကျမိတယ်အစ်မရေ......................................
မိုးညချမ်း said...
အမွေကြောင့် တစ်အူထုံဆင်းမောင်နှမတွေကြား ဖြစ်ပျက်တတ်တာလေးကို ရေးဖွဲ့ထားတာ ကောင်းလိုက်တာ မမရေ ... :)
Anonymous said...
လောဘတွေက ကြောက်ဖို့ကောင်းလိုက်တာနော်၊ ကိုယ်ပဲ ဘေးထွက်ပေးလိုက်
ပါ ရိုးမြေကျရေ....ကိုယ့်အတွက်တော့ အကောင်းဆုံးဖြစ်သွားပါလိမ့်မယ် ။
roseayemaung said...
ကဗျာလေးတပုဒ်လုံးအ၇မ်းကောင်းတယ်...
Yoemyaykya said...
ထရီဆာရေမှားနေပီ။ရိုးမြေကျမှာအမွေလုရမယ့်မောင်နှမမရှိပါဘူး။ ရိုးမြေကျက တစ်ဦးတည်းသောသမီးပါ။ မျက်စိရှေ့မြင်တွေ့နေရတာတွေရေးဖွဲ့ထားတာပါ။
မြတ်နိုးသူ said...
ကဗျာလေးခံစားသွားပါတယ်အမ
မိုးနတ်ကြယ်စင် said...
မရေ...ကဗျာလေးက အတိုင်းထက်အလွန်ပါပဲ..
မိုးနတ်အရမ်းသဘောကျမိတယ်...အမှန်ဆို မရဲ့ ဆွဲဆောင်နိုင်အားက
အဲလို စိတ်ကူးကောင်းကောင်းဆန်းဆန်းလေးတွေကို သရုပ်ဖော်နိုင်တာက
အဓိက ဖြစ်လေမလား..ဒါမှမဟုတ် ပင်ကိုရေးလက်ကြောင့်လား
ညလေးလဲ မသိတော့ပါဘူးဗျာ..ဘာပဲဖြစ်ဖြစ် မကို သဘောကျတယ်
သတိလဲရနေမိတယ်ဗျာ....ဆရာမဂျူးစာအုပ်တွေတော့ ဖတ်တုန်းပဲ
ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ရင်ပြောလိုက်မယ်မရေ....မလဲအဆင်သင့်
ပြင်ထားပါ ခိုးရာလိုက်ဖို့....(အဲလေ..ယောင်လို့)
ကျန်းမာရေးအခြေအနေကြောင့် နောက်ကျသွားတာ နားလည်ပေးပါနော်
မကိုလေ အပြင်မှာတွေ့ဖူးချင်တယ်....
မင်းအရိပ် said...
အရမ်းအဓိပ္ပါယ်ရှိတဲ့ကဗျာလေးကို လာရောက်အားပေးသွားတယ်နော်
Unknown said...
တစ်ခါလာရင် တစ်ခါသဘောကျစရာနဲ့တိုးတယ် မှန်လိုက်တဲ့ကဗျာ
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။