အလွမ်းတွေကို ရင်ငွေ့ပေးဖို့
အဲဒီနေ့က မင်းနဲ့ငါ
အကြည့်ချင်း ဆုံခဲ့ကြတယ်………
ကျူးပစ်ရဲ့ မြားချက်မှာ
ငါတို့မျက်ဝန်းစကားတွေ မိုးလင်းတုန်း
အချစ်တွေ အငွေ့မပျံစေရအောင်
မင်းနဲ့ငါ နှစ်ယောက်ထဲ နားလည်တဲ့
ဘာသာဗေဒနဲ့
အဲဒီနေ့က ဖွဖွလေးသက်သေတည်လို့
ဒီတဒင်္ဂမှာ
ငါငေးရတယ်
ဒီတဒင်္ဂမှာ
ငါဆွေးရတယ်
ဒီတဒင်္ဂမှာ
မင်းရဲ့ သက်ပြင်းရှရှအောက်
ငါ တိတ်တဆိတ်ကျရှုံးလို့
ငါ့ချစ်ခြင်းတွေ အလွမ်းသင့်မယ်ဆိုရင်တောင်
မင်းအတွက်ဆို
ငါ ဆက်ပြီး ငြိနေဦးမယ်။
ရိုးမြေကျ(မုံရွာ)
(23.6.2013,9:00PM)
14 comments:
ကဗျာလေးကြိုက်တယ်...
အဲဒီနေ့က မင်းနဲ့ငါ
မင်းအတွက်ဆို
ငါ ဆက်ပြီး ငြိနေဦးမယ် .....
အဲ့နားလေးတွေ ပိုလှတယ် မ :)
ကဗျာလေးက မိုက်တယ်
အော် အကြည့်ချင်းဆုံတော့ ရင်တွေခုန်တာပေါ့ :D
ထင်တောင်ထင်မထားမိဘူး နှလုံးသားခံစားချက်ကတော်တော်ကိုနူးညံ့သိမ်မွေ့တာပဲ
တဒင်္ဂမှာငေးရုံပဲငေးချင်တယ်..
မဆွေးချင်ဘူး :D
ကျူးပစ်ရဲ့ မြားချက်မှာ ငါတို့မျက်ဝန်းတွေ မိုးလင်းခဲ့တယ် ------ဟုတ်တယ်----မဂျီးစက်က ကွန်မက်ရေးမရလို့ေ
စာတွေဖတ်ဖြစ်တယ်နော် မကြာခဏလဲရောက်ဖြစ်တယ် အာဘွားးးးးးးးးးးးးးးးးးးးးး
စံပယ်ချို
အဲဒီနေ့က မင်းနဲ့ငါ
အကြိုက်ဆုံးပဲ ညီမလေးရေ ... :)
အချစ်....
အဆိပ်ဖြစ်နေရင်တောင်
ထွေးထုတ်မပစ်ချင် ဘူး
အဲဒီ မြှားဦးပေါ့
ရင် ကို ဖေါက်ပြီး ရူးသွားစေတာ ။
မင်းဧရာ
ဟုတ်ကဲ့ ငြိနေပါသေးတယ်
ဟုတ်ကဲ့ ငြိနေပါသေးတယ်
ကဗျာလေးဖတ်သွားပါတယ်ရိုးမြေကျ
စကားလုံးလေးတွေရွေးထားတာ သဘောကျတယ်
အ၇မ်းမိုက် ရင်ကိုငြိစေမယ်.ကဗျာတွေကိုလိုအပ်ပါတယ်..............
လူတွေ၊လူတွေရဲ့ဆန္ဒဘာမှမညီမျှဘူး..။အဒါကြောင့်..မြေကြီးက နောက်ဆုံး..
လူတွေကို ညီမျှခွဲဝေပေးတယ်..တနေရာစာ။
နှစ်ယောက်တည်း နားလည်တဲ့ ဘာသာဗေဒ
ပြဌာန်းချက် မရှိပေမယ့်
ရင်ဘတ်တွေထဲထိ အလိုလို သိနေခဲ့ကြတယ်နော်။
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။