Monday, September 3, 2012

ချစ်သူဖတ်ဖို့(၃)


နင်ငါ့ကို တကယ်မချစ်ခဲ့ပါဘူး
နင့်ဂရုစိုက်မှုတွေကြောင့်
ငါထင်ယောင်ထင်မှားဖြစ်ခဲ့မိတာ
အဲဒီထင်ယောင်ထင်မှားကိုပဲ
အချစ်လို့ ငါကယုံကြည်ခဲ့တာ
ကိုယ်စိုက်ပျိုးတာကိုတော့ ကိုယ်ရိပ်သိမ်းရမှာပဲလို့
လွဲမှားစွာ မျှော်လင့်နေခဲ့မိတာ
အခုတော့  နင့်အတွက် ငါ တယုတယ ပျိုးခဲ့တဲ့
အချစ်ပျိုးခင်းမှာ
ငါ ပြန်ရိပ်သိမ်းနေရတာတွေက
နင့်အမုန်း ၊ နင့်ဥပေက္ခာတွေလား ချစ်ရသူ
ငါမရှိလဲ
နင့်ပြက္ခဒိန် အရင်အတိုင်းအသက်ဝင်နိုင်ပေမယ့်
နင့်ကော်ဖီရနံ့ အရင်အတိုင်း မွှေးပျံ့နိုင်ပေမယ့်
ငါကတော့
နင့်ဥပေက္ခာ ခါးခါးသီးသီးအောက်မှာ
ရှေ့ဆက်ရခက်နေတဲ့ နေ့ရက်တွေနဲ့
ငါ့နှလုံးသားတစ်ခုလုံး လောင်ကျွမ်းသွားလိုက်တာ
ငါကိုယ်တိုင် မငြိမ်းသတ်နိုင်ခင်လေး
ကျေးဇူးပြုပြီး
နင်နဲ့ငါ့ကြား
“မဖြစ်နိုင်ပါဘူး” ဆိုတဲ့ စည်းလဲ မခြားချင်ပါနဲ့
“သိပ်မျှော်လင့်မထားနဲ့” ဆိုတဲ့ စကားတစ်ခွန်းနဲ့လဲ
ဇာတ်သိမ်းခန်းမလုပ်ချင်ပါနဲ့။
တကယ်တမ်းသာ
ငါ့အချစ်တွေက
နင့်ကို ထိခိုက်စေခဲ့ရင်
နင့်ဂုဏ်သိက္ခာကို နိမ့်ပါးစေခဲ့မယ်ဆိုရင်
နင့်အနားမှာ
ငါကိုယ်ယောင်ဖျောက်ထားပေးပါ့မယ်…
အသံလှိုင်းမှာ
ဧရိယာပြင်ပရောက်အောင် နေပေးပါ့မယ်…
နေ့ရက်တိုင်းမှာ
အလွမ်းတွေကို
ကျေကျေနပ်နပ်ကြီး ထမ်းပိုးပေးထားပါ့မယ် ချစ်ရသူရယ်………….။ ။
ရိုးမြေကျ
(2.9.2012,10:30am)

4 comments:

Phyu Lwin said...

နေ့ရက်တိုင်းမှာ
အလွမ်းတွေကို
ကဗျာလေးမှာ ခံစားချက်တွေပါတယ်.. ကြိုက်တယ် ညီမလေး

လရိပ်အိမ် said...

ရေးသားချက် အရမ်းကောင်း။
feel အပြည့်နဲ့ခံစားသွားတယ်။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကောင်းမှကောင်း

မြတ်နိုးသူ said...

တကယ်တမ်းသာ
ငါ့အချစ်တွေက
နင့်အနားမှာ
အရမ်းကောင်းတယ်အအေ၇ခံစားချက်အပြည့်ပဲအားပေးသွားပါတယ်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။