Friday, December 28, 2012

နေရစ်တော့ 2012



ခင်ဗျားယုံမလားတော့မသိဘူး
2012 မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကား
ကျွန်တော် ခုထိမကြည့်ဖူးသေးဘူး
ဒီဇင်ဘာ (၂၁) ရက်နေ့မှာ အဆုံးသတ်မဲ့ မာယာလူမျိုးတွေရဲ့
ပြက္ခဒိန်အကြောင်းလဲ အတွေးနယ်ထဲ တော်ရိရော်ရိတောင် ဝင်မလာဘူး။
ဒါပေမယ့် (2012) ဟာ ကျွန်တော့်အတွက်
လာခြင်းကောင်းခဲ့တယ်……….
ဒါပေမဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ
2012 ဟာ ကျွန်တော့်ကို အဖျားခတ်တယ်….
နေ့ရက်တွေဟာ မွန်းကြပ်ခဲ့
ရင်ရှုပ်စရာ ဝန်းကျင်ကြားမှာ
ဂဏန်းသင်္ချာကြား မြှုပ်နှံလို့
တနင်္ဂနွေ၊တနလာၤ၊ အဂါၤကိုလဲ သတိမမူနိုင်
ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ရှာဖွေရင်း
ရှာဖွေရင်း ပျောက်ဆုံးနေသေးပေမယ့်
2013 ကိုတော့ လက်ကမ်းလို့ ကြိုပါရစေ။    ။
ရိုးမြေကျ(26.12.2012,8:52AM)

23 comments:

Thamee Su said...

ပျော်ရွှင်စရာနှစ်သစ်လေးရောက်လာတော့မယ် ညီမလေးရေ မွန်းကြပ်မှုတွေကင်းဝေးပါစေ
ချစ်တဲ့
မစု

ညီလင်းနိုင် said...

ကောင်းတယ်....

ရိုးရိုးသားသားလှနေတဲ့ ကဗျာလေးလို့

ကျွန်တော် ယုံကြည်ပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေး ။

ညီလင်းနိုင် said...

ဘလော့လေးက အရမ်းရှင်းနေသလိုပဲ ....

ချက်ဘောက်စ်လည်း မရှိဘူး...

အဆင်ပြေမယ် ဆိုရင်

ကျွန်တော် ကူညီပြီး လုပ်ပေးလို့ရပါတယ် ။

ရိုးသားစွာ ကူညီပေးချင်ယုံ သက်သက်ပါ ။

ချင်းမလေး said...

ကဗျာကောင်းလေးကိုလာဖတ်သွားပါတယ်ညလေးရေ..
ညလေးတို့ ကတော့ တင်းပလိတ်ကိုအမျိုးမျိုးပြောင်းတယ်နော်..
ခုဟာလေးက မျက်စိအေးတယ်..

Phyu Lwin said...

ကမ္ဘာပျက်မယ်ဆိုတဲ့ကားတွေ အများကြီးပဲ ထွက်လာတာ ကြည့်ဖူးတယ်.။ ဒါပေမယ့် ၂၁ ရက်နေ့က အော်နေတဲ့သူတွေကြားထဲမှာ အစ်မတော့ မပါဘူး :D

လရိပ်အိမ် said...

၂၀၁၃မှာ ပျော်ရွှင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေ ညီမလေး။ ~ ပြောင်းခဲ့သိလား။

စံပယ်ချို said...

2013 မှ စ၍ အစစအရာရာအောင်မြင်ပျော်ရွှင်ပါစေလို့

လေပြေချို said...


အမှန်တော့စိတ်ညစ်ညစ်နဲ့ အိမ်တွေလည်ပြီး တိုးတိုးတိတ်တိတ်လေးပဲ စာဖတ်ပြီး ပြန်မလို့ပါ...ဒါပေမယ့် ဒီစာလေးတွေ့တော့ ညစ်နေတဲ့စိတ်တွေဘယ်ရောက်သွားလဲတိဝူး.. နည်းနည်းတော့ပျော်သွားတယ်.. အဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ ပြောချင်လို့ပါ...ပျော်စရာနှစ်သစ်ကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကြိုချင်တယ်..
ခင်တက်တဲ့
လေပြေ

Cameron said...

တဂ်ပို့စ်လေးကို ကဗျာတစ်ပုဒ်အဖြစ်ရေးထားတာ မိုက်တယ်

Anonymous said...

နှစ်သစ်ကို ပျော်ရွှင်ဖွယ်လေးများနဲ့ ကြိုဆိုပါတယ် ညီမလေး ရိုးမြေကျရေ .... နှစ်သစ်မှာ ကောင်လေး သစ်သစ်လေးပါ ရပါစေလို့ ဆုတောင်းပေးရင် စိတ်ဆိုးမလား မသိဘူးနော် :P

Unknown said...

ရိုးမြေကျလေး
နှစ်သစ်မှာပျော်ရွှင်ပါစေကွယ်။
ခင်တဲ.အန်တီလေးမေခင်

နွေလ said...

((( ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲတခုခုတော့ ပြောခဲ့ပါဦး )))

ဟုတ်သားပဲ ... ဖတ်ပြီးတော့ တစ်ခုခုတော့ ပြောရမှာပေါ့
ကဗျာရေးပေါက်ကို ကြိုက်တယ် အစ်မရေ
2012 မှာ အဖျားခတ်ခဲ့တဲ့ ရာသီဥတု
2013 မှာ လုံးဝသာယာပါစေဗျာ

Yoemyaykya said...

ဆိုးဘူးအစ်မ ထရီဆာ

ပဥာက် said...

နေ့တွေကတော့..ဒီလိုပါပဲခင်ဗျာ..မနတ်နေထွက်ပြီးညနေဝင်သွားတာချင်းအတူတူပါပဲ..။ဘယ်လိုအမည်တပ်တပ်..မထူးပါဘူး..ဒါပေမယ်..ကျနော်..အဲဒီနေ့တွေထဲ..ပျောက်ဆုံးမသွားဖို့ကိုကျနော်ကတော့ ကိုယ့်ကိုယ်ကိုသေသေသပ်သပ်ခေါက်ရိုးတကျသိမ်းထားတယ်..။

Anonymous said...

2013 က ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ

ပန်းချီ said...

နိမိတ်ပုံလေး နဲ့ ကဗျာသွားက အားပါးပါး လှမှလှး) နှစ်သစ်မှာ အေးချမ်းပါစေ ညီမလေး။

roseayemaung said...

2013..နှစ်သစ်နဲ့အတူပျော်ရွှင်ပါစေ..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လာခြင်းကောင်းခဲ့တယ်……….

ှSame Here ညီမလေး။ လာခြင်းကောင်းတဲ့ ၂၀၁၂ဟာ မမြတ်ကိုလည်း အဖျားခတ်သွားခဲ့တယ်။ လောကဓံလှိုင်းလုံးတွေအောက်မှာ နေ့ရက်တွေဟာ တကယ့်ကို လူးလူးလွန့်လွန့်။

မိုးနတ်ကြယ်စင် said...

ဟိုက်...အလန်းဗျ..ကဗျာကတော့ ....:)
ညလေးကြိုက်တယ်မရေ....
2013 ဟာ မအတွက် ကောင်းသောနှစ်ဖြစ်ပါစေလို့
ညလေး ဆုတောင်းပေးပါတယ် မ....
နှစ်သစ်ရဲ့အစ ဒီညဟာလဲ ကောင်းသောညပါ မ.
အထူးတလည် သတိရနေမိပါတယ်....
အိမ်လေးရဲ့ အပြင်အဆင်ကိုတော့ အရမ်းကြိုက်တယ်..
ဒါပေသိ အကိုညီလင်းပြောသလို သူကူညီမယ်ဆိုတာကို
လက်ခံလိုက်ပါ....မရဲ့ အိမ်လေးကို ဒိထက်လှစေချင်တယ်
သိပ်ရှုပ်သွားအောင်တော့ မလုပ်နဲ့ပေါ့.....သိတယ်ဟုတ်...:P
ချစ်တဲ့....မိုးနတ်

Anonymous said...

I have learn a few excellent stuff here. Definitely worth bookmarking for revisiting.
I surprise how much attempt you place to create this
kind of great informative website.

Stop by my web page ... horoscopo semanal
Also see my web page - horoscopo gratis

Anonymous said...

Desearia, enviar acerca de mi Estoy encantado de estar aquí ser nuevo integrante por blogger.

com.
Yo realmente tengo esperanza lograr ser de alguna forma
...

Feel free to surf to my page :: Badoo

Anonymous said...

Spot on with this write-up, I absolutely feel this website needs far more attention.
I'll probably be returning to read through more, thanks for the info!

My site: polizas flotantes

Anonymous said...

Terrific post but I was wanting to know if you could write a
litte more on this topic? I'd be very grateful if you could elaborate a little bit further. Kudos!

my webpage horoscopo diario

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။