Friday, December 21, 2012

မမစံပယ်အတွက် မွေးနေ့အမှတ်တရ






ဆောင်းရင်ခွင်ရဲ့ စံပယ်
ဒီဇင်ဘာကို လှပ်ကြည့်တော့
စံပယ်ဟာ ငွားငွားစွင့်စွင့်ပွင့်တယ်……
နဘေတွေနဲ့ ပျိုမျစ်တဲ့ စံပယ်….
ကဗျာတွေနဲ့ ချိုမြိန်ဆဲ စံပယ်……….
လွင်ပြင်နဲ့ အိပ်မက် ကြိုးညှိတဲ့စံပယ်…
အဲဒီစံပယ် အဲဒီစံပယ်ကြောင့်ပဲ
ဒီတစ်ဆောင်းလုံး ရနံ့တွေ သိုသိုဝှက်ဝှက်ပစ်လွှတ်လိုက်တာ
ရိုးမြေကျတဲ့အထိ ကာရန်တွေကို ဖွဖွလေးလိုက်ကောက်ရတုန်း………။                ။
ရိုးမြေကျ (13.12.2012, 9:45pm)
ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ကျရောက်မည့် မမစံပယ်အတွက်မွေးနေ့အမှတ်တရ။ ရေးတတ်သလိုပဲရေးထားတာနော်မမ။
မွေးနေ့မှသည် နှစ်ပေါင်းများစွာအထိ ကဗျာတွေနဲ့ အစ်ကိုလွင်ပြင်နဲ့ ရိုးမြေကျတဲ့အထိ နှစ်ယောက်တစ်အိပ်မက်မက်နိုင်ပါစေမမစံပယ်။

10 comments:

Unknown said...

28ရက်နေ.မှာကျရောက်မဲ.စပယ်လေးရဲ.မွေးနေ.ကဗျာလေးအားပေးရင်း
အထက်မှာရိုမြေကျဆုတောင်းလေးအတိုင်းမောင်လွင်ပြင်နဲ.အတူရိုးမြေကျတဲ.အထိနှစ်ရောက်တစ်အိမ်မက်မက်နိုင်ပါစေကွယ်။
ခင်တဲ.အန်တီလေးမေခင်

စံပယ်ချို said...

အရင်ဆုံးရေးပေးလိုက်တဲ့ မွေးနေ့ ကဗျာလေး
ဖတ်ခဲ့ပြီ ကေသီရေ...
ကျေးဇူးနော်....ကိုလွင်ပြင်လာပြောမှသိတာ တင်ထားတာတောင်မသိဘူး
စောနေလို့မတင်သေးဘူးထင်နေတာလေ...

လရိပ်အိမ် said...

ကဗျာလေးကလေးနက်တယ်။ မွေးနေ့ရှင်အတွက်စပ်ပေးတဲ့ကဗျာကရှယ်ဘဲ။ ရိုးမြေကျရေးတဲ့ကဗျာက ရိုးမြေကျ အထပ်ထပ် ဘဲနော်။

Phyu Lwin said...

ရေးထားတာ တိုတိုလေးနဲ့ လှတယ်..

ချင်းမလေး said...

မစံပယ်အတွက်ရေးထားတဲ့မွေးနေ့ ကဗျာလေးကို
လာဖတ်သွားပါတယ်.. ဘလော့ဂ်လေးက အရမ်းလန်းနေပါလား..
မိုက်တယ်.. :)

Cameron said...

မာမီစံပယ်ရဲ့မွေးနေ့ကဗျာလေးကိုအားပေးသွားပါတယ်ကွဲ့

ချစ်စံအိမ် said...

မွေးနေ့ကဗျာလေးနဲ့မွေးနေ့ ရှင်နဲ့ လိုက်တာကွယ်

အိပ်မက်ကောင်းကင် said...

မွေးနေ့ရှင်အတွက်ရေးထားတဲ့ ကဗျာလေးကကောင်းလိုက်တာ
ခုမှပဲသိလိုက်တယ် မမစံပယ်မွေးနေ့ဆိုတာကို
မမစံပယ် နဲ့ကိုကိုလွင်ပြင်တို့ ထာဝရ ပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေနော်
ရိုးမြေကျလည်း ပျော်ရွှင်စရာနေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ပါစေ ^_^
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

မရေ..မိုက်ထှာဗျာ..
ကဗျာလေးက တိုသလောက် အဓိပ္ပါယ်ပြည့်ဝပြီး တအားလှတာပဲ....
ရေးထားတာလေးက ချစ်စရာ နှစ်သက်စရာ..
မမစံပယ်တော့ အရမ်းကြိုက်မှာပဲနော်....:)
သတိရနေပါတယ် မ..
မ fb ကိုအပ်လိုက်ပြီနော်...
နောက်ဆို ညလေးတို့ fb ပေါ်မှာတွေ့နိုင်တော့မယ်..ပျော်ထှာ..:)
ချစ်တဲ့...မိုးနတ်

ညီလင်းနိုင် said...

မွေးနေ့ရှင်လည်း အရာရာအေးချမ်း အဆင်ပြေပါစေ .....

မွေးနေ့ကဗျာထုဆစ်သူ ရိုးမြေလေးလည်း အရာရာ အေးချမ်းပါစေဗျာ ။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။