ရိုးအပုံက
သူလိုငါလိုမဟုတ်ခဲ့ပါဘူး
မေမေရေ………..
ကိုယ့်အကြောင်းလူမသိလေ
လုံခြုံလေ
ကိုယ့်အကြောင်းလူမသိလေ
အန္တရာယ်ကင်းလေ
ဒါတွေဟာ
မေမေ့နိမိတ်ပုံ စကားရိပ်သန်းခဲ့ခြင်းလေလား
မေမေရေ…………….
ပွဲပြီးမှ
ကျွန်တော်ဟာ မြွေပွေးခါးပိုက်ပိုက်မိလျက်သား
ပွဲပြီးမှ
ကျွန်တော်ဟာ နောက်ကျောဓါးဒဏ်ရာအပြည့်နဲ့
မေမေရေ………….
ရိုးသားမှုကို
ဈေးပေါပေါနဲ့ ထပ်မပေးနိုင်တော့တာ
ခင်မင်မှုကို
ခင်မင်မှုနဲ့ ထပ်ပေါင်းမကူးနိုင်တော့တာ
စိတ်တခုကို
စိတ်တခုနဲ့ မျိုးဆက်ပွားမပေးနိုင်တော့တာ
ရိုးသားမှုကို
လူလည်တချို့အတွက် ပွဲတော်တည်ဖို့ တည်ခင်းမပေးနိုင်တော့ပါ
မေမေရေ………….
ကျွန်တော့်ကိုယ်ကျွန်တော်
လိပ်ပြာတစ်ကောင်အဖြစ် ဖန်ဆင်း
ဒီလူတစုနဲ့
သင်းကွဲစေလိုက်ပြီ………………
ရိုးမြေကျ(မုံရွာ)
23.2.2017(10:40AM)
Credit:
ပုံကို Google မှကူးယူပါသည်။