
အားကောင်းမောင်းသန်လူငယ်တွေ ဦးဆောင်ပြီး CBM ဥက္ကဌကိုယ်စားလို့ သူ့ကိုယ်သူ သတ်မှတ်သူကြီး ဦးဝင်းသော်နဲ့ ဗဟိုဘဏ်က စာတတ်ပေတတ်လူနည်းနည်းပါးပါးကို ပြန်ပေးဆွဲမယ်။ အစိုးရရုံးဌာနတော်တော်များများကို CDM လုပ်ဖို့ မတိုက်တွန်းဘူး။ မဟစ်ကြွေးဘူး။ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနကို တအုပ်စုလုံး CDM ဝင်ဖို့ ဆွဲဆောင်မယ်။ အခွန်ရုံးနဲ့ စည်ပင် က တကယ်အားကိုးရတဲ့ Key Person တွေကို ပြန်ပေးဆွဲထားနှင့်မယ်။ Operations တခု ရပ်သွားစေချင်ရင် လူအားလုံးမရှိမှ ရပ်တာမဟုတ်ဘူး။ Key Person, Core Person မရှိတာနဲ့ Operations တခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်တယ်။ အစိုးရဝန်ထမ်းအားလုံး CDM ဝင်ဖို့ ကြောင်တောင်တောင် တိုက်တွန်းလိုက်တဲ့အခါ CDM သမားတွေကို ထောက်ပံ့ခဲ့ရတဲ့ ငွေတွေဆိုတာ နှမြောစရာ။ CRPH အလှူခံတဲ့အချိန် တပြားမှ မထည့်ဖို့ တိုက်တွန်းမယ်။ အလှူခံရတဲ့ ဒေါ်လာ ဆယ်သန်းကျော်ဟာ ဘယ်နားပလုံသွားမှန်းမသိဘူး။ ပိုက်ဆံရိုက်ထုတ်ပေးနေတာ ကျနော်တို့ အမေလင်မဟုတ်ဘူး။ စိတ်အပင်ပန်းခံပြီး ငွေရှာနေကြရတာ။ ဘယ်သူမှ ပျော်မနေဘူးရယ်။ Core Person တွေပဲ CDM လုပ်တဲ့အခါ CDM တွေကို ထောက်ပံ့ရတဲ့ ဘတ်ဂျက်ပိုထွက်လာမယ်။ ဝန်ထမ်းအားလုံး CDM လုပ်လို့ အလုပ်မရှိ အကိုင်မရှိနဲ့ စိတ်ကျရောဂါဝင်စရာ မလိုတော့ဘူး။ လက်ရှိအလုပ်ကိုပဲ ဆက်လုပ်ပြီး SAC ပေးမယ့် လစာယူပြီး အဲဒီလစာနဲ့ နာနတ်သီးဖိုးလှူ။ ဘာလို့ဒီလိုပြောရတာလဲဆိုရင် အခွန်ရုံးက ဝန်ထမ်းတွေဆိုတာ လူတိုင်းအားကျိုးမာန်တက်အလုပ်လုပ်နေကြတာ မဟုတ်ဖူး။ အမေစုလက်ထက်ကတည်းက အလုပ်ချိန်မှာ ဂိမ်းဆော့လိုက် စကားပြောလိုက်နဲ့ တိုင်းပြည်ရဲ့ အခွန်ငွေတွေ အလဟဿဖြစ်နေခဲ့တာ။ သူတို့ ဂျလေဘီလုပ်နေလို့ လုပ်အားဆုံးရှုံးနေခဲ့ရတာ။ အမေစုလက်ထက်မှာတောင် စလုံးကို ကျော်ရမယ် ပြောတော့ ဒီလို အစိုးရဝန်ထမ်းတွေနဲ့ စလုံးကို ကျော်ဖို့ မြေပုံချပြီး ကုလားမခြေထောက်နဲ့ ကျော်ရင်တော့ အသာလေး စင်ကာပူကို ကျော်လို့ရတယ်။ ဒီတော့ သိပ်ကြိုးကြိုးစားစားမရှိတဲ့ ဝန်ထမ်းတွေ CDM လုပ်ဖို့ မလိုဘူး။ ဒီအတိုင်း ရုံးတက်, ဂိမ်းဆော့, မနက် ၁၀နာရီမှ ရုံးလာ, လကုန်ရင် SAC ပေးတဲ့ လစာယူ။ သွေးစွန်းတာတွေ ဘာတွေတွေးမနေနဲ့။ ဘုန်းကြီးတွေတောင် သွေးစွန်းဆွမ်းဘုန်းနေကြရရှာတာ။
KBZ, AYA, CB, MAB, UAB ဘဏ်ထဲကနေ ပင်စင်စားအဖိုးကြီး အဖွားကြီးတွေကို ပိုက်ဆံကြိုထုတ်ခိုင်းထားမယ်။ % နဲ့ လဲသုံးရရင် ရှိတာလေး အငွေ့ပြန်သွားမှာစိုးလို့။ ပန်ဆယ်လိုမ လော်လို့ ပြည်သူတွေ ငွေဒုက္ခရောက်ကြတော့မှာလေ။ ပြီးတော့ KBZ, AYA, CB, MAB, UAB စတဲ့ ဘဏ်တွေက CFO တွေ FC တွေကို ပြန်ပေးဆွဲမယ်။ ဘဏ်ပိုင်ရှင်ရော အောက်ခြေဝန်ထမ်းတွေကိုရော Financial Consultant မရှိဘဲ ယောက်ယက်ခက်ကြပလေ့စေ။ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေကို ယောင်လို့တောင် CDM မဝင်ခိုင်းနဲ့။ ဘဏ်က သူ့အလိုလိုပြိုမှာ။ ကိုယ်က လက်ညောင်းခံ သွားတွန်းမနေနဲ့။ အချိန်ကုန်တယ်။
ပြီးတော့ CDM တွေကို ထောက်ပံ့ရမယ့် ပိုထွက်လာတဲ့ ဘတ်ဂျက်ကနေ မင်းဂွတ်သီး, နာနတ်သီး ဝယ်ထား။ တပေါင်းမကျော်ခင် ဒေါင်းပျော်ရမယ်လို့ ကြောင်စီကွေးမတွေးနဲ့။ ပြီးတော့ ဒလန်တွေကို နားကန်း မျက်စိကန်းအောင် အရင်လုပ်ထား။ ရက်စက်ပေမယ့် မတတ်နိုင်ဘူး။ နားရှိ မျက်စိရှိလို့သာ သူတို့ သတင်းပေးလုပ်လို့ရတာ။ သတ်စရာမလိုတော့ မျက်စိမမြင် နားမကြားတဲ့ဘဝပေမယ့် မြန်မာနိုင်ငံရလာမယ့် ဒီမိုကရေစီကို ပေးခံစားခိုင်းလိုက်ပါ။
လူတိုင်းအလုပ်လုပ်။ အစိုးရဝန်ထမ်းရော ပုဂ္ဂလိက ဝန်ထမ်းရော ရှာလို့ရတဲ့ ဝင်ငွေကို ၁ရာခိုင်နှုန်းလောက်ပဲ ပြန်လှူကြအုန်း။ နည်းတဲ့ငွေလား။ တလရဟာ မြန်မြန်တောင် ပွဲပြတ်သွားနိုင်တယ်။ သွေးစွန်းတယ်လို့ မတွေးနဲ့။ ဘိုင်ဒင်စားတဲ့ ထမင်း, ရှီကျင့်ဖျင် စားတဲ့ထမင်း, ယုတ်စွအဆုံး သီတဂူနဲ့ သဘာဝတရားရိပ်သာ ဘုန်းပေးတဲ့ ဆွမ်းလဲ သွေးစွန်းပြီးသား။
ပြီးတော့ မြသွဲ့သွဲ့ခိုင်ကို အနီရောင်အဝတ်အစားမဝတ်ခိုင်းဘူး။ ခန့်ငြားဟိန်းကို အခန်းတံခါးသော့ခတ်ထားမယ်။ ညီညီထက်နိုင်ကို လှည်းတန်းကျောင်းရှေ့ကနေ ဖယ်ခိုင်းထားမယ်။ Bulletproof Helmet တွေ ဆောင်းခိုင်းထားမယ် လူငယ်တွေကို။
စိုင်းစိုင်းကိုလဲ Boycott, SP မလုပ်ခိုင်းဘူး။ သူ့ဝင်ငွေနဲ့ အလှူခံရရင် တလရအတွက် တတပ်တအားပဲ။ ကျနော်တို့တွေဟာ လိပ်ကို သစ်ပင်ပေါ်တက်ခိုင်းတယ်။ မျောက်ကို ရေဆင်းကူးခိုင်းတယ်။ ငါးကို ကုန်းပေါ် အသက်မရှူနိုင်ရ ကောင်းလား ပြစ်တင်ကဲ့ရဲ့ကြမယ်။ အမှားတွေ။ ကျနော်တို့ မစဥ်းစား မတွေးခေါ်ဘဲ လုပ်မိတဲ့အမှားတွေ။ ဒီအမှားတွေသာ ပြင်လို့ရမယ်ဆိုရင် တလရဟာ .............. ??????
ကျနော်က Finance သမားတယောက်ပါ။ ဆရာဝန်တယောက်လိုတော့ မရဲရင့်ပေမယ့် ကိန်းဂဏန်းတွေအပေါ်မှာ အတွက်အချက်ပီပြင်စွာ လုပ်နိုင်ပါတယ်။ ကျနော့် ဝင်ငွေလေးနည်းနည်းဟာ သွေးနည်းနည်းတော့ စွန်းခဲ့ပါတယ်။ မတတ်သာတဲ့အဆုံး ရွေးစရာမရှိတဲ့ ဘဝဆိုတာ ခင်ဗျားတို့ ကြုံလာရမှာပါ။ ဂျီဟောသူကြီး မစန္ဒာကို သိပ်မလှောင်ကြပါနဲ့ဗျာ။ ခင်ဗျားတို့ ကိုယ်တိုင် လမ်းမတွေပေါ်မှာ ရုံးမတက်နဲ့ ရုံးထွက် ရုံးထွက် ဆိုပြီး အာဘောင်အာရင်းသန်သန် ရေရွတ်ခဲ့ဖူးမယ်။ ရုံးတက်နေတာ ရှက်စရာလို့ လမ်းမထက်မှာ ဟစ်ကျွေးခဲ့ဖူးမယ်။ ကျနော်တို့ရဲ့ ကျယ်လောင်တဲ့ အသံတွေကြောင့် အစိုးရဝန်ထမ်းအနည်းစုဟာ CDM ရဲ့ အတိမ်အနက်ကို မသိဘဲ Peer Pressure ကြောင့် CDM လုပ်ခဲ့ကြတာတွေ ရှိမယ်။ ရင်ထဲအသဲထဲက SAC ကို မထောက်ခံလို့ထက်။ ကျနော်တို့က ပိတ်ထားတဲ့ နားတွေ ကြားအောင် အော်ခဲ့ကြတာ။ သူတို့အားလုံး Pressure ကြောင့် CDM လုပ်ဖြစ်သွားကြတယ်။ တကယ်တမ်း ထောက်ပံ့ဖို့လုပ်တော့ ကျနော်တို့တွေ ထောက်ပံ့နိုင်တာက ဆင်ပါးစပ်နှမ်းပက်သလိုပဲ။ UK နိုင်ငံ Brexit ဆိုပြီး EU ကနေ ထွက်ခဲ့သလိုပဲ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားဖို့ မလိုဘူး။ နိုင်ရုံလောက် ဝမ်းသွားနိုင်ရင် ပေါ့ပါးတယ်။ CDM, CDM ဆိုပြီး ရေရွတ်ခဲ့ကြတဲ့ ကျနော်တို့ ကိုယ်တိုင်က အလုပ်ကိုယ်စီနဲ့။ CDM သမားတွေထက် ပိုအဆင်ပြေလှတဲ့ ဘဝတွေ ပိုင်ထားတယ်။ လုံသလား လိပ်ပြာ။ ခင်ဗျား ရဲရဲကြီး လိပ်ပြာလုံသလား။
ဖဘပေါ်မှာ ဆယ်လီတွေ ပြောသမျှ စဥ်းစားတွေးခေါ်နိုင်ခြင်း မရှိဘဲ ယောရောင်သောကောင် ယောင်ခြောက်ဆယ် အဖွဲ့ကြီး။ ဘတ်ဂျက်သိဖို့ လိုတယ်ဗျ။ ခန့်မှန်းတတ်ဖို့ လိုတယ်။ အနိုင်အရှုံးဆိုတာ စဥ်းစားတွေးခေါ်နိုင်မှု အားကောင်းတာနဲ့ပဲ ဆိုင်တယ်။ လက်တွေ့ဆန်ဖို့လိုတယ်။ False Hope နဲ့ စိတ်ကူးမယဥ်ဖို့ လိုတယ်။ ဖဘပေါ်က ဆယ်လီတွေဆိုတာ လူပြိန်းကြိုက် ဒေါ်နယ်ထရမ့် ပျက်လုံးတွေလိုပဲ။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟုတ်လို့။ စိုင်းစိုင်းကို SP လုပ်ဆို လိုက်လုပ်လိုက်ကြ။ ဟိုလူ့လှောင် ဒီလူ့လှောင်နဲ့။
စကားမစပ် ကျနော့်အမေကတောင် အမေစုပြန်လာရင် အရာအားလုံးအဆင်ပြေသွားမှာတဲ့။ ရယ်ချင်တာ။ သိကြားမင်းတောင် မအလကို တည့်တည့်မပစ်ရဲဘူး။ နေပြည်တော် သွားရမယ့် မိုးကြိုးများ ဝေ့ဝိုက်နေတာ ဆိုတာ။ အမေစုက သိကြားမင်းမှ မဟုတ်တာ။ ပြီးတော့ မေမေက ပြောသေးတယ်။ အမေစုပြန်လာရင် ဘဏ်ကိစ္စတွေ အဆင်ပြေသွားမှာတဲ့။ 28 Feb 2022 ဆို ဘဏ်တွေပြိုတော့မှာ။ ကျောင်းသားဘဝမှာ ကဗျာတွေ စာတွေ မရေးရလို့ ခုမှ ဥက္ကဌကိုယ်စားဖြစ်သူကြီး ထိုင်ထုတ်နေတဲ့စာတွေ စိပ်လာတဲ့ တနေ့
ရိုးမြေကျ (မုံရွာ)
14.11.2021 (11:11 AM)
0 comments:
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။