အားကောင်းမောင်းသန်လူငယ်တွေ ဦးဆောင်ပြီး CBM ဥက္ကဌကိုယ်စားလို့ သူ့ကိုယ်သူ သတ်မှတ်သူကြီး ဦးဝင်းသော်နဲ့ ဗဟိုဘဏ်က စာတတ်ပေတတ်လူနည်းနည်းပါးပါးကို ပြန်ပေးဆွဲမယ်။ အစိုးရရုံးဌာနတော်တော်များများကို CDM လုပ်ဖို့ မတိုက်တွန်းဘူး။ မဟစ်ကြွေးဘူး။ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနကို တအုပ်စုလုံး CDM ဝင်ဖို့ ဆွဲဆောင်မယ်။ အခွန်ရုံးနဲ့ စည်ပင် က တကယ်အားကိုးရတဲ့ Key Person တွေကို ပြန်ပေးဆွဲထားနှင့်မယ်။ Operations တခု ရပ်သွားစေချင်ရင် လူအားလုံးမရှိမှ ရပ်တာမဟုတ်ဘူး။ Key Person, Core Person မရှိတာနဲ့ Operations တခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်တယ်။ အစိုးရဝန်ထမ်းအားလုံး CDM ဝင်ဖို့ ကြောင်တောင်တောင် တိုက်တွန်းလိုက်တဲ့အခါ CDM သမားတွေကို ထောက်ပံ့ခဲ့ရတဲ့ ငွေတွေဆိုတာ နှမြောစရာ။ CRPH အလှူခံတဲ့အချိန် တပြားမှ မထည့်ဖို့ တိုက်တွန်းမယ်။ အလှူခံရတဲ့ ဒေါ်လာ ဆယ်သန်းကျော်ဟာ ဘယ်နားပလုံသွားမှန်းမသိဘူး။ ပိုက်ဆံရိုက်ထုတ်ပေးနေတာ ကျနော်တို့ အမေလင်မဟုတ်ဘူး။ စိတ်အပင်ပန်းခံပြီး ငွေရှာနေကြရတာ။ ဘယ်သူမှ ပျော်မနေဘူးရယ်။ Core Person တွေပဲ CDM လုပ်တဲ့အခါ CDM တွေကို ထောက်ပံ့ရတဲ့ ဘတ်ဂျက်ပိုထွက်လာမယ်။ ဝန်ထမ်းအားလုံး CDM လုပ်လို့ အလုပ်မရှိ အကိုင်မရှိနဲ့ စိတ်ကျရောဂါဝင်စရာ မလိုတော့ဘူး။ လက်ရှိအလုပ်ကိုပဲ ဆက်လုပ်ပြီး SAC ပေးမယ့် လစာယူပြီး အဲဒီလစာနဲ့ နာနတ်သီးဖိုးလှူ။ ဘာလို့ဒီလိုပြောရတာလဲဆိုရင် အခွန်ရုံးက ဝန်ထမ်းတွေဆိုတာ လူတိုင်းအားကျိုးမာန်တက်အလုပ်လုပ်နေကြတာ မဟုတ်ဖူး။ အမေစုလက်ထက်ကတည်းက အလုပ်ချိန်မှာ ဂိမ်းဆော့လိုက် စကားပြောလိုက်နဲ့ တိုင်းပြည်ရဲ့ အခွန်ငွေတွေ အလဟဿဖြစ်နေခဲ့တာ။ သူတို့ ဂျလေဘီလုပ်နေလို့ လုပ်အားဆုံးရှုံးနေခဲ့ရတာ။ အမေစုလက်ထက်မှာတောင် စလုံးကို ကျော်ရမယ် ပြောတော့ ဒီလို အစိုးရဝန်ထမ်းတွေနဲ့ စလုံးကို ကျော်ဖို့ မြေပုံချပြီး ကုလားမခြေထောက်နဲ့ ကျော်ရင်တော့ အသာလေး စင်ကာပူကို ကျော်လို့ရတယ်။ ဒီတော့ သိပ်ကြိုးကြိုးစားစားမရှိတဲ့ ဝန်ထမ်းတွေ CDM လုပ်ဖို့ မလိုဘူး။ ဒီအတိုင်း ရုံးတက်, ဂိမ်းဆော့, မနက် ၁၀နာရီမှ ရုံးလာ, လကုန်ရင် SAC ပေးတဲ့ လစာယူ။ သွေးစွန်းတာတွေ ဘာတွေတွေးမနေနဲ့။ ဘုန်းကြီးတွေတောင် သွေးစွန်းဆွမ်းဘုန်းနေကြရရှာတာ။
Sunday, November 14, 2021
31 Jan 2021 မနက်ခင်းကိုသာ ပြန်သွားခွင့်ရမယ်ဆိုရင်
Saturday, November 6, 2021
မယ့်ရဲ့ အရေးပေါ်အခန်းထဲမှာ ကျနော်
တကယ်ဆို မယ့်ရဲ့ အသင်နားမလည်နိုင်သော စာအုပ်ကတည်းက မယ့်အရေးအသားတွေကို အားပေးခဲ့တာ။ အရေးပေါ်အခန်းထဲမှာ စာအုပ်ကို ပထမအကြိမ်ထုတ်ကတည်းက အားပေးပြီးသားပါ။ အဲဒီစာအုပ်က မုံရွာအိမ်မှာ ကျန်ခဲ့တယ်။ ခုစာအုပ်လေးက ဖဘပေါ်က မယ့်မာကတ်တင်းစကေးကြောင့် ထပ်အားပေးထားတာ။ ဒုတိယအကြိမ်ထုတ်တာလေးက ပိုသေသပ်တယ်။ ခေတ်ပြောင်းသွားတာလဲ ပါမှာပေါ့နော်။ ဒုတိယအကြိမ်ပြန်ဖတ်ကြည့်တော့ ခံစားချက်ကတော့ မတူတော့ဘူးပေါ့။ ပထမတုန်းက ဖတ်ခဲ့ပြီးတုန်းကလဲ စာရေးဖို့စိတ်မပါလို့ မရေးဖြစ်ခဲ့တာ။
အရေးပေါ်ခန်းထဲမှာ စာအုပ်ဟာ ဂေးတယောက်ရဲ ချစ်ခြင်းကို နူးနူးညံ့ညံ့လှပ်ပြထားတာ။ လွန်ခဲ့တဲ့ငါးနှစ်ကျော် ခြောက်နှစ်ကျော်လောက်တုန်းကတော့ လိင်တူချစ်ခြင်းဟာ လှောင်ရယ်စရာဖြစ်ခဲ့မှာပေါ့။ ယောကျ်ားအချင်းချင်း ချစ်ကျွမ်းဝင်တာ မိန်းကလေးအချင်းချင်း ချစ်ကျွမ်းဝင်တာ ဒီလို လိင်စိတ်ကွဲလွဲမှုကို လှောင်ရယ်စရာအဖြစ် မြန်မာမှုအသိုင်းအဝိုင်းက သတ်မှတ်ထားကြသူများမယ်။ ဖယ်ကျဉ်ချင်ကြမယ်။ Tomboy တယောက်ရဲ ချစ်ခြင်း Lesbian တွေရဲ ချစ်ခြင်းထက် အမျိုးသားဂေးတယောက်ရဲ့ ချစ်ခြင်းဟာ ပိုဟားတိုက်လှောင်ရယ်ခံခဲ့ရလိမ့်မယ်။ ယောကျ်ားက မိန်းမတယောက်ကိုပဲ တရားဝင်လက်ထပ်ခွင့်ရသလို မိန်းမတယောက်ကလဲ ယောကျ်ားတယောက်ကိုပဲ တရားဝင်လက်ထပ်ခွင့်ရှိခြင်းကိုပဲ ဂုဏ်တင့်တယ်နေတတ်ကြတယ်။ ယောကျ်ားနဲ့မိန်းမ လက်ဆက်ခြင်းဆိုတာ မျိုးပွားရုံသက်သက်သာလို့ ကိုယ်တော့ ယူဆတယ်။ ဟစ်တလာလိုလူမျိုး မအလလိုလူမျိုး မွေးထုတ်ပေးမယ့် မျိုးပွား မျိုးဆက်ချန်ခဲ့ခြင်းထက် လိင်တူအချင်းချင်း ချစ်ကျွမ်းဝင်နေတာက ကမ္ဘာကြီး အေးချမ်းသေးတယ်။
ကိုယ်နေတဲ့အခန်းနဲ့ ကပ်ရပ်အခန်းက လင်မယားရဲ့ ရန်ဖြစ်သံတွေ ကြားရတဲ့အခါ သူတို့နှစ်ဦးရဲ့ ကလေးငယ်လေးကိုသာ သနားမိတော့တယ်။ မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ရန်ဖြစ်ဖို့အရေးများ တကူးတကအာဝါဟ ဝိဝါဟခဲ့ကြသေးတယ်။ ဘေးချင်းကပ်အခန်းဟာ ငရဲခန်းပဲ။ ကိုယ်တို့အခန်းက ငရဲခန်းကို ဒိုးယိုပေါက်မြင်နေရတာ။ မျိုးဆက်သစ်လေးဟာ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရတော့မယ်။ ရန်ဖြစ်ဖို့အရေးများ တကူးတကအိမ်ထောင်မပြုခဲ့သင့်ဘူး။ ငါးဈေးသွားပြီး ငါးသည်ကို ရန်စလိုက်ရင် ပွဲကြီးပွဲကောင်းဆော်လို့ရပြီ။
အရေးပေါ်ခန်းထဲက ချစ်ခြင်းဟာ သာမန်အပြင်မှာ မြင်တွေ့ဖြစ်ပျက်တာတွေနဲ့ တူတူပါပဲ။ ချစ်ခြင်းတရားကို ရဲရဲဝံ့ဝံ့ကြေငြာရဲတဲ့ ဂေးတယောက်နဲ့ ချစ်ခြင်းကို ထုတ်ဖော်မပြောရဲဘဲ အများအမြင်ပွဲလည်တင့်အောင် သူ့ကိုယ်သူ ယောကျ်ားစစ်စစ်လို့ ထင်မှတ်ထားသူတဦးရဲ့ ချစ်ခြင်းကို ပါးနပ်စွာလှပ်ပြထားတယ်။ ထိုယောက်ျားဟာ လူသားဆန်ဖို့မကြိုးစားဘဲ ဘောင်အတွင်းမှာ ရှင်သန်နေထိုင်ချင်တဲ့အခါ လူတဦးရဲ့ အသည်းကို အကြိမ်ကြိမ်ခွဲသလိုဖြစ်ခဲ့တာပေါ့။ လူသားဆန်မှုဆိုတာ ပတ်ဝန်းကျင်မထိခိုက်ရင် လွတ်လပ်စွာ ရှင်သန်ခွင့်ရခြင်းလို့ပဲ ကိုယ်ကတော့ ကောက်ချက်ချချင်တာ။ လိင်တူအချင်းချင်း ချစ်ကျွမ်းဝင်မှုဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေသလား။ တခါတလေမှာ လူသားတွေဟာ ပတ်ဝန်းကျင်ဆိုတာကို focus လုပ်မိတဲ့အခါ စိတ်ဟာ အကျဉ်းကျသွားတယ်။ အကျဉ်းကျသွားတဲ့အခါ လူသားဆန်စွာနေထိုင်ခွင့်ရခြင်းကို ဆုံးရှုံးရတော့တယ်။ ပတ်ဝန်းကျင်က လွတ်လပ်စွာရှင်သန်နေထိုင်နေရတဲ့အခါ ကိုယ့်စိတ်ဟာ လူသားဆန်မှုပျောက်ဆုံး အပျော်တွေပျောက်ဆုံးနဲ့ ဖြတ်သန်းရှင်သန်ရတော့တယ်။
မယ့်ရဲ့ အရေးပေါ်အခန်းထဲမှာ စာအုပ်လေး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ အရေးအသားတွေဟာ လိင်တူသဘာဝတွေကို ယဉ်ကျေးစွာရေးသားထားတာပါ။ အရိုင်းမဆန်ဘဲ လိင်စိတ်ကွဲပြားမှုတွေကို သိရှိနိုင်တယ်။
တကယ့်လူသားဆန်မှုဆိုတာ လိင်မတူသူအချင်းချင်း လက်ဆက်မျိုးဆက်ပွားပေးခြင်း မဟုတ်ဘူး။
တကယ့်လူသားဆန်မှုဆိုတာ တဦးကိုတဦး ကြာရှည်တည်တံ့စွာချစ်နိုင်ခြင်းပဲဖြစ်တယ်။
ရိုးမြေကျ (မုံရွာ)
06.11.2021 (13:36PM)