ခင်ဗျားသိလား………..
ကဗျာဆရာ အသဲကွဲနေတယ်………..
ရာသီဥတုလဲ ကြည်ကြည်လင်လင်ပါပဲ
ဘာမုန်တိုင်းမှလဲ မရှိဘူး
ဘယ်မိုးမှလဲ မသည်းခဲ့ဘူး…..
ဒါပေမယ့်
ကဗျာဆရာ အသဲကွဲခဲ့တယ်……
ဝင်သက်နဲ့ ထွက်သက်ကြား
အလွမ်းတွေကို ကောက်ကောက်သီပြလိုက်တာ
ကဗျာဆရာ အသဲကွဲသွားတယ်….
တကယ်ပါ………
ရာသီဥတုလဲ သိပ်ကြည်လင်ခဲ့တယ်
ဘယ်မုန်တိုင်းမှ မဝင်ခဲ့ပါဘူး………
မိုးသည်းသည်းလဲ မရွာခဲ့ပါဘူး…………
ဒါပေမယ့်
နှလုံးသားတစ်ခုရဲ့ Password ကို ခိုးဖွင့်လိုက်တာ
ကဗျာဆရာ အသဲကွဲသွားတယ်……….
ခင်ဗျားမယုံဘူးမလား
ကဗျာဆရာ အသဲကွဲခဲ့တယ်ဆိုတာ…….။ ။
ရိုးမြေကျ(မုံရွာ)
(19.5.2013,11:45AM)