တွေးနေမိတာက -
မျှော်လင့်ထားတဲ့အရာလေး ဘယ်တော့လောက်ဖြစ်လာမလဲလို့ နေ့တိုင်းကို တွေးနေမိတယ်။ ခုထိလဲ မဖြစ်သေးဘူး။
ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
အရမ်းစတတ်နောက်တတ်တဲ့ အကျင့်လေးကို ပြင်သင့်တယ်။ စတတ်နောက်တတ်လို့လဲ ခု စိတ်ညစ်နေရပြီမလား။ အချိုးတွေပြင်။
ကျန်းမာရေး -
စိတ်ညစ်နေလို့ပဲ ကျန်းမာရေးက ဖောက်လာတယ်။ ဖျားတယ်။ ကျောရိုးနာနေလို့ ရုံးမှာ ကြာကြာမထိုင်နိုင်လို့ ထိုင်လိုက်ထလိုက်လုပ်နေရတယ်။
ဖတ်ဖြစ်တဲ့စာအုပ်တွေက-
ခင်မောင်ညို(ဘောဂဗေဒ) ရဲ့ “ကိုယ်တွေ့ MBA” ၊ မြနှင်းဆီ ဘာသာပြန်ထားတဲ့ “သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်” ဘယ်စာအုပ်မှလဲ အပြီးသတ်အောင် ဖတ်မပြီးသေးဘူး။
ရောက်ဖြစ်နေတာက -
Someone ရဲ့ timeline. နေ့တိုင်းကို ရောက်ဖြစ်တာ။
နားထောင်ဖြစ်နေတာက -
ရဲလေးရဲ့ အလွမ်းတွေနဲ့၊ Lady (၂ပုဒ်လုံး ရကောက်ဘဝဖြင့်နေထိုင်ခြင်းစီးရီးထဲက), ဂျီလတ်ရဲ့ တနေ့တော့ နေ့တိုင်း အမုန်းနားထောင်တာ။
ရွတ်နေဖြစ်တဲ့ကဗျာက -
ဖိုးသာထူး ဖိုးသာထူး
အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူးက ဝမ်းပူပူ ဖိုးဝကြီးနဲ့တူ
တူပါသကွယ့် မယုံငြား ဒီမှာ ကြည့်ပါလား။
အဲဒီကဗျာလေး ရွတ်ဖြစ်တယ်။နေ့တိုင်း စိတ်ထဲက
ဖြစ်ချင်နေတာက -
Superman ဖြစ်ချင်နေတယ်။ ရန်ကုန်ကို ခဏခဏသွားလည်လို့ ရအောင်လို့။
စားဖြစ်နေတတ်တာက -
အစုံပဲ။ လူလဲ ဝလာတယ် တဖြည်းဖြည်း။
သနားနေမိတာက -
စစ်ဘေးဒုက္ခသည်တွေနဲ့၊ ပဋိပက္ခဖြစ်နေတဲ့ ရပ်ဝန်းက လူတွေ
လွမ်းနေမိတာက -
Someone ပါပဲ။ အရမ်းတွေ့ချင်နေပါတယ်။ ဖုန်းလဲအရမ်းပြောချင်နေပါတယ်။ တခါတခါ နှစ်ယောက်တည်း အေးအေးဆေးဆေး ထမင်းလက်ဆုံစားဖူးချင်တယ်။
မေ့လျော့ပစ်နေရတာက -
စိတ်နာအောင် လုပ်ခဲ့တဲ့သူတွေအားလုံးပါပဲ။
ခါးသက်နေမိတာက -
သူများတွေ တန်းတူရတဲ့အခွင့်အရေးကို ကိုယ်ဘာလို့ မရတာလဲလို့ တွေးတွေးပြီး ခါးနေမိတယ်။
တမ်းတနေမိတာက -
လွန်ခဲ့တဲ့ တစ်နှစ်က ရခဲ့တဲ့ အခွင့်အရေးတွေ အမြန်ဆုံး ပြန်လိုချင်မိတာပဲ။
ကြိတ်ပြီးချီးကျူးနေမိတာက -
ဂစ်တာတီးတတ်တဲ့ ကောင်မလေးတွေကို
ကြိတ်ပြီးအထင်သေးနေမိတာက -
ကြီးနိုင်ငယ်ညှင်း အုပ်စုဖွဲ့နေတတ်တဲ့သူတွေ။ တကွေ့ကွေ့မှာ ပြန်အသုံးချမယ့်စိတ်နဲ့ ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်တဲ့သူတွေ။ ဟိုလူ့ပြောတာလိုလို၊ ဒီလူ့ပြောတာလိုလိုနဲ့ သတ္တိမရှိ ရွဲ့စောင်းစကားပြောတတ်တဲ့သူမျိုးတွေ။
ဆန္ဒမရှိတဲ့နေရာ -
ဆူညံနေတဲ့ နေရာ။ စကားပြောသံတွေရော သီချင်းဆိုလဲ ဝုန်းဒိုင်းကြဲဖွင့်တဲ့နေရာတွေ။ ပြီးတော့ ထော်လာဂျီသံတွေ ဆူညံနေတဲ့ နေရာ။
ဆန္ဒရှိနေတဲ့ကိစ္စ -
အရင်လို ဂရုစိုက်ခံရမှုတွေ ပြန်ရပါစေလို့ တိတ်တိတ်လေးကြိတ်ဆုတောင်းနေတယ်။
မုန်းတီးနေမိတာက -
မှတ်ဉာဏ်ပျောက်သလိုဖြစ်ဖြစ်နေတာ။ တော်တော်များများ ဘာမှ မမှတ်မိဘူးဖြစ်နေတယ်။ အရင်က ဖြစ်ရပ်တွေရော လတ်တလောဖြစ်ရပ်တွေရော မမှတ်မိဘူး။
ချစ်နေတာက -
ပြောတော့ပါဘူး။ ထုတ်ပြောလိုက်ရင် ဒီတစ်ခါတော့ အသက်ခံရနိုင်တယ်။ (ဟီးးး)
စိတ်ပျက်နေမိတာက -
စကားပြောရမှာကို သိပ်စိတ်ပျက်နေမိတယ်။ စကားတွေနဲ့ ကားတတ်တဲ့လူတွေကြားမှာ မနေချင်ဘူး။
စွဲလန်းနေမိတာက -
အလုပ်တွေကို မြန်မြန်ပြီးစေနိုင်သော၊ ကျောင်းသင်ခန်းစာတွေကို မှတ်မိစေနိုင်သော၊ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ပေးသော Someone
လိုအပ်နေတာက -
ဆူသံငေါက်သံတွေမကြားရတာကြာပြီ။ အဲဒီဆူသံငေါက်သံတွေက သိပ်ချိုမြိန်တာပဲ။
ရောက်နေတဲ့နေရာက -
ရပ်နေဆိုတဲ့ နေရာမှာပဲ ရပ်နေရတာ။ ရှေ့ဆက်လဲ မတိုးရဘူး။ ရပ်စောင့်နေဆဲ။
နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
သိပ်အားနာတတ်တဲ့ အကျင့်ကြောင့်ပဲ စိတ်မထိခိုက်သင့်တာတွေ ထိခိုက်ပြီး လူတွေကို စိတ်ကုန်သွားပြီး လူတော်တော်များများရဲ့ အဝေးဆုံးကို အမြဲပြေးထွက်သွားလေ့ရှိသူလို့ သုံးသပ်မိတယ် ကိုယ့်ကိုယ်ကို။
တက်ဂ်ပို့စ်လေးတော့ ရေးပြီးသွားပြီ။
ရိုးမြေကျ
(25.3.2013,9:00PM)
13 comments:
တူတာ :P
စူပါမန်းဖြစ်စရာမလိုပါဘူးဗျာ
ဟယ်ရီပေါ်တာလို တံမြတ်စည်းလေးခွစီးပြီးသွားပါလား
ဖတ်ပီးကြောင်း လတ်မှတ်ထိုးခဲ့တယ်နော် . စိတ်ကူးတွေ အိပ်မက်တွေအားလုံး အမြန်ဆုံးအကောင်အထည်ပေါ်လာပါစေ။
ခုတလော တဂ်ပို့စ်လေးတွေ လိုက်ရေးပေးတဲ့ ဘလော့ဂါ အရေအတွက်များလာတာမြင်လို့ ဘလော့လောက ပြန်စည်ကားလာပြီလို့ မှတ်ယူမိပါတယ်
တဂ်ပိုစ့်လေးကို လာဖတ်သွားပါတယ် မမရေ ... ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးနေပါတယ် ... :)
မှတ်ဥာဏ်ပျောက်ပေမဲ့ Someone ကိုတော့လုံးဝမမေ့ဘူးမလား။
Someone ဆိုပဲ
အနော်လည်း စူပါမင်း ဖြစ်ချင်တယ်
သွားချင်တဲ့ နေရာ သွားလို့ရအောင်လို့
ဖြစ်ချင်သမျှ အကုန်ပြည့်ပါစေလို့ ဆုတောင်းပေးရင်း
တဂ်ပို့စ်လေးကို ဖတ်ရှုသွားပါတယ် အစ်မရေ
ရိုးမြေေ၇......
လာရောက်ခဲ့ပါတယ်...
မရိုးမြေ....ေ၇....မန့်တွေကမေလ်ထဲမှာပဲဝင်နေတယ်လေ
ကော်မက်ပေါက်မှာေ၇းပြီ၇င်...Googe..နိပ်လိုက်လေ
ပြီးရင်...Publish...ကိုနိပ်လိုက်..ဒါဆိုမန့်ဝင်လာပြီလေ
ကျေးဇူးတက်လျက်...မရီုး....ေ၇......ပျော်ရွှင်ပါစေ...
ချစ်တဲ့နှင်းဆီ....ရဲ့...ရီုးမြေ
လာလည်သွားတယ် ညီမရေ
ကျနော်လဲ အဲ့လိုရေးရင်ကောင်းမလားလို့
ချစ်နေတာက -
ညီမလေး ရိုးမြေကျရေ..အမကတော့ ချစ်နေတာက- ဆိုတာကို အတော်လေး စိတ်ဝင်တစားရှိခဲ့ပါရဲ့ ညီမလေးရယ် ..ဖြစ်နိုင်မယ်ဆိုရင် ပြောပြပါလား ညီမလေးရယ် ... :D
စာတွေလာဖတ်နေတယ်နော်
ချစ်တဲ့ sis jas
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။