Friday, February 1, 2013

မမလရိပ်အိမ်အတွက် မွေးနေ့အမှတ်တရ

ကုမ်ရာသီမှာ လင်းတဲ့လ
လလေးက ရိုးတိုးရိုးတိတ်နဲ့
ဖေဖော်ဝါရီကို ချော့မြှူနေလေရဲ့
ဒီဆောင်းနှောင်းရာသီမှာ
ကဗျာတွေလဲ ကြယ်စင်လို လင်းလိုလင်း
ကာရန်တွေလဲ လေပြေလို ခလိုခ
တိမ်တွေပေါ် မေးတင်လို့
စာစီကာ သီကုံးရအောင်
လရိပ်အတွက်
အခုဆိုအခု
ရင်ခွင်ကျယ်ကောင်းကင်ကြီး ပေါ်ထွန်းစေသား။
ရိုးမြေကျ(1.2.2013,8:30PM)




ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ ကျရောက်မယ့်မမလရိပ်အတွက် မွေးနေ့အမှတ်တရ။ တင်တာ အရမ်းစောသွားရင် တောင်းပန်ပါတယ်မမရေ။ Valentine အတွက် ပို့စ်တစ်ပုဒ်တင်စရာရှိလို့ မမအတွက် ကဗျာကို နည်းနည်းလေးစောတင်ပေးလိုက်တာပါ။
ရင်ခွင်ကျယ်ကောင်းကင်ဆိုတာ ဘာကိုဆိုလိုမှန်းသိတယ်မလား။ (ဟီးးးး)


12 comments:

လရိပ်အိမ် said...

ကဗျာလေး အရမ်းကြိုက်တယ် ညီမလေးရေ။
ရင်ခွင်ကျယ်ကောင်းကင်ကြီးဆိုတာ ကိုယ်ယူချင်သလို ယူလိုက်တယ်။ ပြောပြဘူး။ ဟီးး

လရိပ်အိမ် said...

မွေးနေ့ကဗျာကို စေတနာနဲ့တင်ပေးသောညီမလေးရိုးမြေကျ၏ စေတနာကို ဝေဒနာ ဖြစ်အောင်လုပ်မိတဲ့အတွက် မမတောင်းပန်ပါတယ် ညီမလေးရေ။

စံပယ်ချို said...

လရိပ်ရေ မွေးနေ့ဆုတောင်းကဗျာလေးကကောင်းတယ်
ရိုးမြေကျ ကလဲရေးတတ်လိုက်တာနော်
မဂျက်ကဘာမှမရေးရသေးဘူး ခုမှသိတာလေ

Phyu Lwin said...

လရိပ်လဲ ကုမ်ရာသီဖွားပဲကိုး.. blogger တွေထဲမှာ ကုမ်ရာသီတွေလည်း များတာပဲနော်.. မွေးနေ့ကဗျာလေး ချစ်စရာကောင်းတယ်.. ရေးတတ်တယ်. မွေးနေ့ရှင်ရော ကဗျာလက်ဆောင်ရေးသူရော အမြဲတမ်း ပျော်ရွှင်အောင်မြင်ပါစေ :)

khin said...

အလည်မထွက်တာကြာလို. လာလည်ပြီး ခံစားသွားပါတယ်ရှင်

Unknown said...

လရိပ်အတွက်မွေးနေ.ဆုတောင်းကဗျာလေးအားပေးသွားတယ်နော်။
ရိုးမြေကျလေးကလည်းကဗျာရေးတော်၏။ကဗျာရေးပေးသူရောမွေးနေ.ရှင်လေး
ရောကျန်းမာပျော်ရွှင်လို.ကဗျာတွေစာတွေရေးနိုင်ကြပါစေ။
ခင်တဲ.အန်တီလေးမေခင်

roseayemaung said...

ကဗျာလေးလာဖတ်သွားပါတယ်နော်
မရိုး...ေ၇....

မိုးနတ်ကြယ်စင် said...

အဟင်းဟင်း တန်တော့ ဆုတောင်းပေးသူနဲ့
ဆုတောင်းခံသူတို့နှစ်ယောက် ရောင်းသူဝယ်သူ
အသံတူနေကြပုံထောက်ရင်တော့ ahakhak !
ဘာမှကို ပြောတော့ပါဘူးရှင် :)
မမလရိပ်မွေးနေ့ကို မိုးနတ်လဲ ခုမှသိရတာပါ
နောက်နေ့မှ ရေးပြီးတင်ပေးမယ်နော် :P

ညီလင်းနိုင် said...

လရိပ်မွေးနေ့ ကဗျာလေးအတွက်

မွေးနေ့ရှင်လည်း ပျော်ရွှင်နေသလို၊

ညီမလေး ရိုးမြေကျလေးလည်း

ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေနော်။

ထရီဆာ (Teresa) said...

ပထမကတော့ တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားမို့ပဲ .. ရိုးမြေကျလေးက ပြောခဲ့ ပါအုန်းဆိုလို့ ... သတိရနေပါတယ်လို့ .. ပျောက်နေတယ်လို့ .. မွေးနေ့ဆုတောင်း ကဗျာလေးကို ဖော်ညွှန်းသွားတာ ချစ်စရာလေး ....

Valentine day အတွက် ရေးထားတာလေးလည်း စောင့်မျှော်နေလျှက်ပါ ညီမလေး ......

မိုးညချမ်း said...

မမလရိပ်အတွက် မွေးနေ့ကဗျာ လှလှလေးကို ဖတ်ရှုပြီး ပျော်ရွှင်မှုတွေကူးစက်သွားတယ် ချစ်မရေ ...

လွင်ပြင်လှိုင်းငယ် said...

မွေးနေ့ကဗျာလေး လှမှလှ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။