ခက်ထန်တဲ့ နှုတ်ထွက်စကားတွေနဲ့
နှလုံးသားကို ဝှက်ဖို့ကြိုးစားရင်း
ငါ့ကို မညာပါနဲ့။
တင်းမာတဲ့ မျက်နက်ဝန်းတွေနဲ့
ခံစားချက်ကို ဖွက်ဖို့ ကြိုးစားရင်း
ငါ့ကို ထပ်မညာပါနဲ့။
ပျက်ယွင်းတဲ့ အမူအရာနဲ့
အပေါင်းအသင်းတွေကြား ရှက်ဖို့ကြိုးစားရင်း
ငါ့ကို ထပ်ထပ်မညာပါနဲ့။
မင်းသိလား ချစ်သူ…
ငါက ဟန်ဆောင်ကန့်လန့်ကာနောက်က
မင်း ခံစားချက်စစ်စစ်လေးကို လှစ်ခနဲ ဖမ်းဆုတ်မိခဲ့သူ
ပြီးတော့
ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာကို တင့်တောင့်တင့်တယ်
ချိတ်ဆွဲဖို့အတွက်နဲ့တော့
ငါ့အလွမ်းတွေကို မမျှားချင်ပါနဲ့….
အချစ်တစ်ခု ရှင်သန်ဖို့
အချစ်တစ်ခုနဲ့ပဲ
ပျိုးကြည့်ပါ
ယုယကြည့်ပါ
ဒါ့ကြောင့် ငါ့အချစ်တွေကို အားနာရင်
နင်လေ
ငါ့ကို ထပ်ထပ် ထပ်ထပ်ပြီး
မညာပါနဲ့လား ချစ်သူရယ်….
ရိုးမြေကျ
(5.8.2012, 8:20pm)
For Someone Special(YNA)
7 comments:
ကြားတယ်နော် မညာနဲ့ ဟိ
ကဗျာလေးကောင်းတယ်
အင်း.. သူ မညာနိုင်တဲ့တစ်နေ့ ၀န်ခံလာမှာပေါ့ရှင်.. :)
မမစံပယ်ကွန်မန့်ရေးလို့မရဘူးလား
မမစံပယ်ကွန်မန့်ရေးလို့မရဘူးလား
ရဘူး ခုပြန်ရေးမယ် မကျေနပ်ဘူး
အားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်
မညာပါဘူး။ ချစ်တယ်။ ကဲရပြီလား။
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။