Thursday, August 2, 2012

ဘလော့ဂ်အမှတ်တရ


မှတ်မှတ်ရရ (၆.၇.၂၀၁၂) ဟာ စာရေးသူဝမ်းအနည်းဆုံးနေ့ထဲကတစ်ရက်ပါ။ ဘာလို့လဲဆိုတော့ အဲဒီနေ့က စာရေးသူ ဂျီမေးလ်ဖတ်ရင်း ဘလော့ဂ်တွေလည်ရင်းနဲ့ စာရေးသူရဲ့ (http://yoe-myaykya.blogspot.com) လိပ်စာလေးနဲ့ ဘလော့ဂ်လေးကို လုံးဝဖွင့်လို့မရခဲ့ပါဘူး။ အဲဒီနေ့နေ့လည်(၃)နာရီလောက်မှာစဖြစ်တာပါ။ ဂျီမေးလ်ကလည်း သုံးနေရင်း auto sign out ဖြစ်သွားတယ်။ password တွေရိုက်ထည့်နေပေမယ့်အလကားပါပဲ။ Verification Code တောင်းပါတယ်။ ဖုန်းနံပါတ်ရိုက်ထည့်လည်း မရပါဘူး။ စာရေးသူ ဘယ်လိုမှအကြံထုတ်လို့မရဘူးဖြစ်နေခဲ့တယ်။ ဒါနဲ့ ဖေ့ဘုတ်မှာ စာရေးသူရဲ့ညီမဝမ်းကွဲဆီ မက်ဆေ့လှမ်းပို့အကူအညီတောင်းရပါတယ်။ (စာရေးသူညီမလေးက စင်ကာပူမှာကျောင်းတက်နေတာပါ။) ဒါပေမယ့် နှစ်ရက်သုံးရက်နေတဲ့အထိ သူ့ဆီကလည်း ဘာမှစာပြန်မလာပါဘူး။ မမစံပယ်ကလည်း ဖေ့ဘုတ်မှာ ဘလော့ဂ်ဖွင့်လို့မရတဲ့အကြောင်း ကွန်မန့်ရေးသွားတယ်။ ဒါနဲ့ စာရေးသူမှာရှိတဲ့နောက်ထပ် ဂျီမေးလ်လိပ်စာအပိုတစ်ခုနဲ့ ဘလော့ဂ်အသစ်ပြန်ဖွင့်ရတယ်။ နည်းနည်းပါးပါးရေးထားတာလေးတွေတင်ပြီးမှ မမစံပယ်ရဲ့ စီပုံးမှာ လိပ်စာအသစ်သွားပြောရတယ်။ မမစံပယ်နဲ့ ကိုလွင်ပြင်ကလည်း ဝမ်းသာအားရလာလည်ပေးကြတယ်။ လင့်အသစ်ပြန်ချိတ်ပေးကြတယ်။ သူတို့ ဖတ်ပြီးသားတွေဖြစ်နေပေမယ့် ကွန်မန့်တွေထပ်ပေးသွားကြတယ်။ သွားလည်နေကျဘလော့ဂ်တွေဖြစ်တဲ့ မမစနိုး၊ ညလေး မိုးညချမ်း၊ထရီဆာ၊နွေလ၊ ကြည်ဖြူ သူတို့တွေဆီကိုလည်း ဘလော့ဂ်အသစ်ပြောင်းသွားတဲ့အကြောင်း အသိပေးရသေးတယ်။ သူတို့တွေကလည်း လိပ်စာအသစ်ပြန်ချိတ်ပေးပါတယ်။ ဘလော့ဂ်ကိုလည်း အမြဲလာလည်ပေးကြတယ်။ အလုပ်အားတဲ့အချိန်မှာသုံးတာဆိုတော့ စာရေးသူရဲ့ ဘလော့ဂ်အသစ်မှာ အရင်အဟောင်းကစာတွေအကုန်ပြန်မတင်ရသေးပါဘူး။ ဒီကြားထဲရေးထားတဲ့အသစ်လေးတွေထပ်တင်ဖြစ်တယ်။
ဒီလိုနဲ့တစ်ရက်မှာပေါ့။ စာရေးသူညီမလေးနဲ့စာရေးသူ အွန်လိုင်းမှာတွေ့တယ်။ စာရေးသူကလည်းသူနဲ့တွေ့တိုင်း သူငယ်ချင်းတွေလုပ်ခိုင်းထားတဲ့ ဂျီမေးလ်အသစ်တွေ လုပ်ခိုင်းပါတယ်။ အဲဒီနေ့က ညီမလေးက ဂျီမေးအသစ်လုပ်ပေးတယ်။ အဲဒီနေ့ကပဲ စာရေးသူရဲ့ ဂျီမေးလ်က သုံးနေရင်း auto sign out ဖြစ်သွားတယ်။ ဘလော့ဂ်ကလည်း အရင်တစ်ခါလိုပဲဖွင့်ကြည့်တော့ Blog has been removed ဆိုတဲ့စာတမ်းပြန်ပေါ်လာပြန်တယ်။ စိတ်တော်တော်ညစ်သွားတယ်ပေါ့။ ဒါနဲ့ဖေ့ဘုတ်မှာရော၊ မမစံပယ်ရဲ့စီပုံးမှာရော ဘလော့ဂ်ကဖွင့်လို့မရပြန်ဘူးလို့ သွားဂျီကျမိသေးတယ်။ စိတ်တော်တော်လေသွားတယ်။ နောက်ရက်မှာ ကံကောင်းချင်တော့ ညီမလေးက ဖေ့ဘုတ်အွန်လိုင်းမှာ ရှိနေခဲ့တယ်။ ဒါနဲ့စာရေးသူလည်း သူ့ကို ဘလော့ဂ်လည်းပျောက်နေတယ်။ ဂျီမေးလ်လဲ ဖွင့်လို့မရဘူးလို့ပြောပြီး ဂျီမေး address နဲ့ password ပေးပြီးလုပ်ခိုင်းရတယ်။ သူတို့ဆီမှာတော့ google က ပို့တဲ့ verification code ရောက်မယ်ထင်တယ်ဆိုပြီးအကူအညီတောင်းခဲ့တာ။ ခဏနေတော့ သူ့ဆီက ရသွားပြီ ပြန်ဖွင့်ကြည့်ဆိုတဲ့ စာလေးရောက်လာတော့ အရမ်းပျော်သွားတာပဲ။ ဒါနဲ့ ဂျီမေးကိုဝင်ကြည့်တယ်။ ဝင်လို့ရသွားတယ်။ ဘလော့ဂ်ကလည်း ပြန်ဖွင့်လို့ရသွားတယ်။ သူက မမကေသီရဲ့ password တွေက သိပ်လွယ်တာပဲတဲ့။ နည်းနည်းခက်တာပြောင်းကြည့်ပါတဲ့။ ဒါနဲ့အရင်ဂျီမေးအဟောင်းလေးလဲ ရအောင်ပြန်လုပ်ကြည့်ခိုင်းရတယ်။ ကံကောင်းချင်တော့ အဲဒီဂျီမေးလည်း ပြန်ရသွားတယ်။ ဂျီမေးပြန်ရသွားတော့ ဘလော့ဂ်အဟောင်းကလည်း ပြန်ဖွင့်ကြည့်တော့ ရသွားပြန်တယ်။ အခုတော့ စာရေးသူမှာ ဘလော့ဂ်နှစ်ခုနဲ့ ကိုးရိုးကားယားဖြစ်နေပါတယ်။ ဒါပေမယ့် နောက်ထပ်ရေးဖြစ်တဲ့အသစ်တွေကိုတော့ ဘလော့ဂ်အသစ်မှာပဲတင်ဖြစ်ပါတော့တယ်။ ဘလော့ဂ်အဟောင်းလေးကိုတော့ အမှတ်တရအနေနဲ့ပေါ့နော်။ စာရေးသူကို အကြံဉာဏ်ပေးကြပါဦး။ ဂျီမေးသုံးနေရင်း auto sign out ဖြစ်ပြီး verification code တောင်းတာဘာ့ကြောင့်လဲ။ သိရင်ပြောပေးကြပါ။ နောက်ထပ်အလားတူကိစ္စဖြစ်လာရင် ဘယ်လိုကာကွယ်လို့ရလဲဆိုတာလည်း သိရင်ပြောပေးကြပါ။ ဘာလို့လဲဆိုတော့ ဘလော့ဂ်က ဂျီမေးနဲ့ဆက်စပ်နေလို့ပါ။

6 comments:

စံပယ္ခ်ိဳ said...

ကိုလွင်ပြင်အလုပ်ကပြန်လာတဲ့အချိန်ကျ သေချာမေးထားပေးပြီးအကြောင်းပြန်ပါ့မယ်ညလေးကေသီရေ
အမလဲအဲတာတွေနားမလည်ဘူး
နည်းပညာဆိုဒ်လေးတွေကိုလဲမေးလို့ရမယ်ထင်ပါတယ်
kp 3 ထဲရှာဖတ်ရင်လဲရလောက်ပါမယ် အဲဒီမှာစုံတယ်
ခုတော့စဉ်းစားလိုက်ဦးမယ်

Phyu Lwin said...

ဟိုတစ်ရက်က နွေလဘလော့ဂ်ပျောက်သွားတဲ့အကြာင်းရေးလိုက်မှ ကိုယ်လဲတော်တော်ကြောက်သွားတယ်..အဲလိုများဖြစ်ရင် ဒုက္ခဆိုပြီး..။

လွင်ပြင်လှိုင်းငယ် said...

passwordခက်ခက်ခဲခဲရှည်ရှည်လေးထားတာကောင်းပါတယ်

နွေလ said...

အစ်မရေ ...
ကျွန်တော့်ကို ကူညီပါဦး
ကျွန်တော် ဘလော့လေးကို ပြန်လိုချင်လို့ပါ
ကျွန်တော့်မှာ နိုင်ငံခြားက အသိလည်း မရှိဘူး
ကူညီလို့ရရင် ကူညီပေးစေချင်တယ်ဗျာ

လရိပ်အိမ် said...

အမလဲ ဘလော့ ပျောက်ဖူးတယ်။၂ခါတောင်။ ပတ်စဝတ်ကြောင့်ဟုတ်ဘူး။ တန်းပလိတ်လဲတာ လက်လွန်သွားလို့။

online မင်းသား said...

ဆောရီးနော်...ဖတ်ဖြစ်ပေမဲ့ ဒီပို.စ်လေးကို အခုမှဖတ်ဖြစ်လိုက်လို.ပါ...
ကိုယ့်အကောင့်ကို ဖွင့်လို.မရဘူး verification code တောင်းတယ်
ဆိုတာ ဟက်ကာတစ်ယောက်ယောက်က ဟတ်တာဖြစ်ဖို.များပါတယ်..
online လဲပညာရှင်တော့မဟုတ်ပါဘူး..ဒါပေမဲ့ ပညာသင်တစ်ယောက်အ
နေနဲ.သိထားတာလေးပြန်လည်ပြောပြချင်လို.ပါ..online ဘလော့ခ်လေး
ပျောက်တုန်းကတော့ ဂူဂဲလ်က ဖျောက်တာပါ..အကောင့်ဝင်လို.ရတယ်..
ဘလော့ခ်ကို.တော့မရှိဘူးလို.ပြောတယ်..သုံးရက်လောက်နေတော့ပြန်ပေးတယ်..အဲဒီနောက်တော့ online အကောင့်ကို verification codeခံထားတယ်..ဖုန်းနံပါတ်ပေးထားတယ်..မေခွန်းဖြေထားတယ်..အဲ
လိုလုံခြုံရေးလေးတွေလုပ်ထားတယ်..နောက်တစ်ခါ ထပ်ဟက်တော့ onine ရဲ.ဖုန်းမှာ message ပြတယ်လေ..အဲလိုမျိုးပေါ့..အကောင်း
ဆုံးကတော့ ပတ်စ်ဝက်ကို ရှည်နိုင်သမျှရှည်ပါ..ခက်နိုင်သမျှခက်တဲ့စာသား
မျိုးပေးပါ..ကိုယ်လဲမှတ်မိလွယ်မယ်အရာပေါ့..လုံခြုံရေးမေးခွန်းထားပါ...verification code ထည့်ထားပါ...

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။