ခင်ဗျားသိလား………..
ကဗျာဆရာ အသဲကွဲနေတယ်………..
ရာသီဥတုလဲ ကြည်ကြည်လင်လင်ပါပဲ
ဘာမုန်တိုင်းမှလဲ မရှိဘူး
ဘယ်မိုးမှလဲ မသည်းခဲ့ဘူး…..
ဒါပေမယ့်
ကဗျာဆရာ အသဲကွဲခဲ့တယ်……
ဝင်သက်နဲ့ ထွက်သက်ကြား
အလွမ်းတွေကို ကောက်ကောက်သီပြလိုက်တာ
ကဗျာဆရာ အသဲကွဲသွားတယ်….
တကယ်ပါ………
ရာသီဥတုလဲ သိပ်ကြည်လင်ခဲ့တယ်
ဘယ်မုန်တိုင်းမှ မဝင်ခဲ့ပါဘူး………
မိုးသည်းသည်းလဲ မရွာခဲ့ပါဘူး…………
ဒါပေမယ့်
နှလုံးသားတစ်ခုရဲ့ Password ကို ခိုးဖွင့်လိုက်တာ
ကဗျာဆရာ အသဲကွဲသွားတယ်……….
ခင်ဗျားမယုံဘူးမလား
ကဗျာဆရာ အသဲကွဲခဲ့တယ်ဆိုတာ…….။ ။
ရိုးမြေကျ(မုံရွာ)
(19.5.2013,11:45AM)
12 comments:
ယုံပါတယ်။
အင်း အစက တိုးတိုးတိတ်တိတ်ပြန်မလို့ပဲ ဟိ
ကောင်းတယ်ဗျ နော် ကြိုက်တယ်
ကဗျာဆရာတွေ အသဲကွဲရင်တော့ ကဗျာကောင်းကောင်းလေးတွေ
အများကြီးဖတ်ရတော့တာပဲ
ကဗျာ ဆရာတွေ အသဲကွဲတော့
ကဗျာ ကောင်းလေးတွေ ဖတ်ခွင့်ရတာပေါ့ဗျာ နော် ။
ဒဏ်ရာတွေကို အနက်ပြန်ဖို့အတွက်
ကဗျာ ဆရာရဲ့လက်တွေက ပဉ္စလက်ဆန်တယ် ။
ကေသီအသဲမကွဲဖို့ပဲ မဂျက်အတွက်အရေးကြီးတယ်နော်....
Fantastic items from you, man. I've understand your stuff prior to and you'rе just too excеllent.
I геаlly like whаt you've obtained right here, really like what you'гe ѕtating and the way during which уou аssert іt.
Υou're making it enjoyable and you continue to take care of to stay it wise. I can't ωаіt to leаrn much mοre fгom уou.
This is actually a tremendous ѕite.
Alѕo visit my hоmeρage; Lektorat Berlin
တိုးတိုးပြန်မလို့ပဲ ..:P
ကဗျာဆရာအသဲကွဲတော့ ကဗျာတွေ အသက်ဝင်လာတာပေါ့ :)
အော...ကီယိုရား..မရိုးရယ်.....
ကဗျာဆရာအသည်းကွဲနေကြောင်းကို တခါဖတ်ဖူးတယ်
ကဗျာဆ၇ာအသဲကွဲနေသလို.. စာဖတ်သူလဲ အသဲကွဲနေတယ်နော်..
ဟွန်း.. :P
နောက်တာပါ.. မရောက်တာကြာပီ.. template လေးလဲ
ပြောင်းထားတာ လှတယ်နော်.. :)
အသဲကွဲနေတဲ့ကဗျာဆရာကို လေပြေလာရောက်အားပေးခဲ့ပါတယ်နော်... မရောက်တာကြာပေမယ့် အမြဲသတိရနေပါတယ် :)
ခင်တက်တဲ့
လေပြေ
မိုက်တယ်ကွာ။ လက်စသတ်တော့ password ခိုးခံလိုက်ရလို့ ကဗျာဆရာ အသည်းကွဲ သွားတာပေါ့ နော်။
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။