Monday, February 18, 2013

အချစ်နဲ့ ယက်ရင်း အလွမ်းဖြစ်သွားတဲ့ အထည်


“အချစ်တွေကို ရင်ထဲမှာပဲ သိမ်းထားပေးပါ”
အဲဒီညလေးမှာ မင်းပြောခဲ့တဲ့ စကားတစ်ခွန်း
ဒီတစ်ခုတော့ ငါ့ကို လွတ်မြောက်ခွင့်လေးပေးကြည့်ပါ။
မင်းနဲ့ ပတ်သက်ရင်
အရာရာ မြိုသိပ်အောင့်အီးပေးထားတာ
ငါ့ ဖုန်းလေး အသိဆုံး
မင်း နံပါတ်တွေ နှိပ်မိတိုင်း
ငါ့လက်တွေ အကြိမ်ကြိမ် ဆွံ့အဖူးတယ်။
ငါ့အလွမ်းတွေ အကြိမ်ကြိမ် ထုံထိုင်းဖူးတယ်။
ငါ့မျှော်လင့်ခြင်းတွေ အကြိမ်ကြိမ် သေဆုံးဖူးတယ်။
ငါ့အဖြူရောင် အတ္တတွေကို အကြိမ်ကြိမ် သဂြိုဟ်ခဲ့ဖူးတယ်။
ငါက အလွမ်းပြေ အသံလေး
အတိုင်းအဆမရှိ ကြားခွင့်ရှိသူမှ မဟုတ်ခဲ့တာပဲလေ။
ငါ့ကိုယ်ပိုင် ဖုန်းပေါ်က ပုံလေးတောင်
နေ့တိုင်း ခိုးခိုးကြည့်နေရအောင်
ငါ့ကို အကျဉ်းမချချင်ပါနဲ့။
ဟန်ဆောင် ဥပေက္ခာတွေနဲ့လဲ
နောက်ဆုတ်သွားအောင် မဖျားယောင်းချင်နဲ့ဦး။
ဘယ်လောက်ပဲ စကားလုံးဆိုးဆိုးတွေနဲ့ အတင်းဖုံးဖိထားလဲ
မျက်ဝန်းဆိုတာ စိတ်ရဲ့ ပြတင်းပေါက်ဆိုတာ
မင်း မေ့နေတာလား ချစ်ရသူ
မျက်ဝန်းနက်နက်တွေကပြောနေတဲ့ စကားက
သိပ်ပြီး တိုးတိတ်ညင်သာလွန်းနေပေမယ့်
ငါ့နှလုံးသားက ဘာသာပြန်တတ်ပါတယ်။
မင်း မျက်ဝန်းက စကားတွေကို ငါ့ကိုယ်ပိုင်ဘာသာစကားနဲ့ပဲ
တိုးတိုးလေး အဓိပ္ပာယ်ဖွင့်လို့
ငါ့နေ့ရက်တွေ ရိုးရိုးသားသား သီးပွင့်ခွင့်ရပါရစေ။
ဒါ့ကြောင့်
အချစ်မှာ အကြောင်းပြချက်တွေ အများကြီး မလိုဘူးဆိုတာကို
ငါတို့ အငြင်းမပွားဘဲ နေကြရအောင်လား။
တစ်ယောက်အကြောင်းတစ်ယောက် ပြည့်ပြည့်စုံစုံသိမှ
အချစ်ကို ယုယစွာ ပုံဖော်လို့ရတာ မဟုတ်ဘူးဆိုတာ မဆွေးနွေးပဲ နေကြရအောင်လား။
ငါ့အချစ်က ကျိုးလွယ်ပဲ့လွယ် မဟုတ်တာ
မင်း မသိသေးဘူး။
ငါ့ သံယောဇဉ် နက်ရှိုင်းနေတာလဲ
မင်း မသိသေးဘူး။
နောက်ပြီး
စောင့်ကြည့်အကဲခတ်နေတဲ့ မျက်လုံးပေါင်းများစွာရှေ့မှာ
ငါ့ အလွမ်းတွေကို ပွင့်ပွင့်လင်းလင်းချပြခွင့်ရပါရစေ။
မင်းရဲ့ နေမကောင်းခြင်းအတွက်လဲ
အားဆေးတစ်ခွက် ငါပဲ ဖြစ်ပါရစေ။
ဒါပေမယ့်
မင်းရဲ့ တောက်ပလွန်းတဲ့ နေ့ရက်တွေမှာတော့
ငါ တိတ်တိတ်လေး မှေးမှိန်နေပေးပါ့မယ်။
ဆုံးဖြတ်ပေးပါ ချစ်ရသူ………
ငါဟာ မင်းအတွက် သေးသိမ်လွန်းတဲ့ ကြယ်တစ်စင်းဖြစ်နေသေးပေမယ့်
မင်း မရှိတဲ့ ကမ္ဘာမှာတော့
ငါ လင်းလက်လို့ ရမှာ မဟုတ်တာ သေချာတယ် ချစ်ရသူ။
ရိုးမြေကျ(29.1.2013,9:00PM)






19 comments:

Unknown said...

အရမ္းလန္းပါလားးး ထိတယ္ဂ်ာ။။။။။။

ငါ့အလြမ္းေတြ အႀကိမ္ႀကိမ္ ထံုထိုင္းဖူးတယ္။
ငါ့ေမွ်ာ္လင့္ၿခင္းေတြ အႀကိမ္ႀကိမ္ ေသဆံုးဖူးတယ္။
ငါ့အၿဖဴေရာင္ အတၱေတြကို အႀကိမ္ႀကိမ္ သၿဂိဳဟ္ခဲ့ဖူးတယ္။

ငါ့အခ်စ္က က်ိဳးလြယ္ပဲ့လြယ္ မဟုတ္တာ
မင္း မသိေသးဘူး။
ငါ့ သံေယာဇဥ္ နက္ရိႈင္းေနတာလဲ
မင္း မသိေသးဘူး။

လရိပ္အိမ္ said...

ယက္ကန္းစက္လဲပိုင္သကိုး။

Cameron said...

ကဗ်ားေလးနဲ႔တင္ေၾကြမွာပါ...ေပးဖတ္လိုက္

3rdthameetaw said...

ေခါင္းစဥ္ေလးက ဆြဲေဆာင္မွ ူေကာင္းလိုက္တာ
စပ္ထားတဲ့ကဗ်ာကလဲ ခ်စ္စရာေလး

Phyu Lwin said...

ခံစားခ်က္ေတြမို႔လားမသိ. ကဗ်ာေလးဖတ္ရတာ ရင္ထဲေရာက္တယ္..။ ခ်စ္ရသူလည္း သိမွာပါ

khin said...

အျပည္.အ၀ခံစားမွ်ေ၀သြားပါတယ္ေနာ္။

Thu said...

ခ်စ္တတ္လြန္းသူၾကီး :)

Unknown said...

ရိုးေၿမက်ေရ
ခံစားမႈ.အၿပည္.နွင္.ေရးထားေသာကဗ်ာေလး
အားေပးသြားပါတယ္ကြယ္။
ခင္တဲ.အန္တီေလးေမခင္

roseayemaung said...

ဆံုးၿဖတ္ေပးပါ ခ်စ္ရသူ………
ငါဟာ မင္းအတြက္ ေသးသိမ္လြန္းတဲ့ ႀကယ္တစ္စင္းၿဖစ္ေနေသးေပမယ့္
မင္း မရိွတဲ့ ကမၻာမွာေတာ့
ငါ လင္းလက္လို႕ ရမွာ မဟုတ္တာ ေသခ်ာတယ္ ခ်စ္ရသူ။
...ခံစားခ်က္ကဗ်ာေကာငသ္းေလး....

ေႏြေတးရွင္ (မင္းဧရာ) said...

ေအးဗ်ာ တိတ္တိတ္းေလးျပန္သြားေတာ့မလို႔ း))။
ကဗ်ာေကာင္းတယ္ဗ် ရည္ရြယ္သူဆီေရာက္ပါေစ။

မိုးနတ္ၾကယ္စင္ said...

မင္းရဲ႕ ေနမေကာင္းၿခင္းအတြက္လဲ
အားေဆးတစ္ခြက္ ငါပဲ ၿဖစ္ပါရေစ။
ဒါေပမယ့္
မင္းရဲ႕ ေတာက္ပလြန္းတဲ့ ေန႕ရက္ေတြမွာေတာ့
ငါ တိတ္တိတ္ေလး ေမွးမိွန္ေနေပးပါ့မယ္။
ဆံုးၿဖတ္ေပးပါ ခ်စ္ရသူ………
ငါဟာ မင္းအတြက္ ေသးသိမ္လြန္းတဲ့ ႀကယ္တစ္စင္းၿဖစ္ေနေသးေပမယ့္
မင္း မရိွတဲ့ ကမၻာမွာေတာ့
ငါ လင္းလက္လို႕ ရမွာ မဟုတ္တာ ေသခ်ာတယ္ ခ်စ္ရသူ....

မိုက္စ္ပါ မ ေရ....
အဲလုိကဗ်ာရွည္ရွည္ေလးေတြ မဖတ္ရတာၾကာျပီ :)
တေမ႔တေမာနဲ႔ ခံစားျပီး တေမ႔တေမာၾကီးဖတ္ခဲ႔ပါတယ္ေနာ္ :P

mypersonalspace said...

အလြမ္းနဲ႔ ယက္ရင္း အခ်စ္ထည္ႀကီး ျပန္ျဖစ္ပါေစ

Toe Yee Yee said...

ေစာင့္ႀကည့္အကဲခတ္ေနတဲ့ မ်က္လံုးေပါင္းမ်ားစြာေရွ႕မွာ
ငါ့ အလြမ္းေတြကို ပြင့္ပြင့္လင္းလင္းခ်ၿပခြင့္ရပါရေစ။
ငါဟာ မင္းအတြက္ ေသးသိမ္လြန္းတဲ့ ႀကယ္တစ္စင္းၿဖစ္ေနေသးေပမယ့္
မင္း မရိွတဲ့ ကမၻာမွာေတာ့
ငါ လင္းလက္လို႕ ရမွာ မဟုတ္တာ ေသခ်ာတယ္ ခ်စ္ရသူ။
သူငယ္ခ်င္း တုိက္ဆိုင္စြာခံစားသြားပါတယ္ေနာ္

လြင္ျပင္လႈိင္းငယ္ said...

ရင္ဘတ္ထဲကခံစားခ်က္ေတြေပၚလြင္ေအာင္ေရးတတ္ ညေလးကို
အားက်မိပါတယ္ ။

ေလေျပခ်ိဳ said...

ငါဟာ မင္းအတြက္ ေသးသိမ္လြန္းတဲ့ ႀကယ္တစ္စင္းၿဖစ္ေနေသးေပမယ့္
မင္း မရိွတဲ့ ကမၻာမွာေတာ့
ငါ လင္းလက္လို႕ ရမွာ မဟုတ္တာ ေသခ်ာတယ္ ခ်စ္ရသူ။
စကာလံုးတိုင္းမွာ ခံစားခ်က္ေတြအျပည့္ ေပၚလြင္ေအာင္ ထုဆစ္ထားတဲ့ ကဗ်ာေကာင္းေလးတစ္ပုဒ္ပဲ...
ခ်စ္တက္လိုက္တာေနာ္ :)
ခင္တဲ့
ေလေျပ

ညီလင္းႏိူင္ said...

အခ်စ္အတြက္ ရဲရင္႔ေနတဲ႔ ကဗ်ာတစ္ပုဒ္လို႔

ကြ်န္ေတာ္ ခံစားမိပါတယ္။

ခ်စ္စံအိမ္ said...

ေရးတတ္လိုက္တာ ညီမေရ

မိုးညခ်မ္း said...

အားပါးပါး မမေရ ေခါင္းစဥ္ကအစ ကဗ်ာတစ္ပုဒ္လံုး ႀကိဳက္တယ္ဗ်ာ ...

Unknown said...

မင္းရဲ႕ ေတာက္ပလြန္းတဲ့ ေန႕ရက္ေတြမွာေတာ့
ငါ တိတ္တိတ္ေလး ေမွးမိွန္ေနေပးပါ့မယ္။
ဆံုးၿဖတ္ေပးပါ ခ်စ္ရသူ………
ငါဟာ မင္းအတြက္ ေသးသိမ္လြန္းတဲ့ ႀကယ္တစ္စင္းၿဖစ္ေနေသးေပမယ့္
မင္း မရိွတဲ့ ကမၻာမွာေတာ့
ငါ လင္းလက္လို႕ ရမွာ မဟုတ္တာ ေသခ်ာတယ္ ခ်စ္ရသူ။


ထပ္တူက် တဲ႔ အေတြးနဲ႔ အားေပးသြားတယ္ မ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။