Thursday, January 24, 2013

မမ Sweety Snow အတွက် မွေးနေ့အမှတ်တရ




အစိမ်းရောင်တွေ လင်းတဲ့နေ့
ဇန်နဝါရီ(၃၁)…….
ဖြူလွှလွှ နှင်းဝတ်လွှာအောက်
Aquarius တစ်ယောက်ရဲ့ ပေးဆပ်ခြင်းနဲ့
ချိုမြမြ နှင်း စပွင့်တဲ့နေ့
အဲဒီနေ့မှာ
ပန်းစကားတွေလဲ တိုးတိုးဖွဖွလေး ခင်းကျင်းထားလို့
ကဗျာတွေလဲ မထိတထိ ရှိုက်တယ်။
သေချာပါတယ်….
တစ်လောကလုံးလဲ တောထလို့
အစိမ်းရောင်တွေနဲ့ လင်းထိန်နေအောင် နှင်းကို ကြိုဆိုခဲ့မှာ။
ရိုးမြေကျ(24.1.2013, 11:55am)
(အစ်မ စနိုးအတွက် Jan 31 အတွက် မွေးနေ့အမှတ်တရ)
ရေးတတ်သလိုပဲရေးထားပါတယ်။ အမှတ်တရပေါ့နော်။ မွေးနေ့မှာပျော်ရွှင်ပါစေ။

8 comments:

Phyu Lwin said...

တစ်ကယ်ကြိုက်တယ်.. တိုတိုလေးနဲ့ အကြောင်းအရာအစုံပါအောင် ရေးနိုင်တာ တော်လိုက်တာ.. <3 <3 <3 ဒီလိုမျိုးမွေးနေ့မှာ ကဗျာလက်ဆောင်ရဖူးတာ ပထမဆုံးပဲ ;)

စံပယ်ချို said...

စနိုးလေးရဲ့မွေးနေ့အတွက်ကြိုတင်ဆုတောင်းခဲ့ပါတယ်
မွေးနေ့ကဗျာလေးကလဲရေးတတ်လိုက်တာနော်
မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ မိသားစုဝင်များနဲ့အမြဲပျော်ရွှင်ပါစေ
ချစ်ရသူ(စိတ်တူကိုယ်တူ)နဲ့ လက်တွဲနိုင်ပါစေ
ကျန်းမာခြင်းချမ်းသာခြင်းသုခတွေပြည့်စုံပါစေလို့

မိုးနတ်ကြယ်စင် said...

ကဗျာတိုတိုလှလှလေးကို လာဖတ်ခဲ့ပါတယ်မရေ..
မစနိုးမွေးနေ့က (၃၁) ရက်လား?
မိုးနတ်တောင်သိဘူးးးးးးးးးးး ခုမှသိတာ...
မွေးနေ့ရှင်ရော ဆုတောင်းပေးသူပါ
ကျန်းမာ ချမ်းသာလို့ လိုရာဆန္ဒတွေပြည့်ဝကြပါစေရှင်..:)
ချစ်တဲ့....မိုးနတ်

ညီလင်းနိုင် said...

မွေးနေ့မှသည် သက်ဆုံးထိတိုင် ထာဝရ လင်းလက် တောက်ပနိုင်ပါစေဗျာ ။

ကျွန်တော်လည်း ဝင်ရောက် ဆုတောင်းပေးခဲ့ပါတယ် Sweety Snow ရေ.....

3rdthameetaw said...

မွေးနေ့ ရှင် နဲ့ မွေးနေ့ ဆုတောင်းပေးတဲ့သူတို့ 
ပျော်ရွှင်ကြပါစေနော်

အိပ်မက်ကောင်းကင် said...

ရိုးမြေကျလေးရေ ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားရင်း
မွေးနေ့ရှင်နဲ့အတူ မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်စွာနဲ့
ဘ၀ကိုဖြတ်သန်းသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

လေပြေချို said...

မွေးနေ့လက်ဆောင် ကဗျာကောင်းလေးပဲ.. ရေးတက်လိုက်တာနော်... လာရောက်အားပေးရင်း မွေးနေ့ရှင်ရော ရိုးမြေကျလေးရော ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် :)
ချစ်တဲ့
လေပြေ

မိုးညချမ်း said...

မွေးနေ့ကဗျာလေးက လှလိုက်တာ မမရာ ... ညလေး မမစနိုးမွေးနေ့ကို သိလိုက်ဘူးရယ် ... သိရင် ညလေးလည်း ကဗျာတစ်ပုဒ်လောက် မွေးနေ့လက်ဆောင်ရေးပေးပါတယ် ... :)

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။