Wednesday, August 29, 2012

တွေးစရာလေးတွေ





အခုတလော လူကနည်းနည်းဆွေးစရာတွေရှိနေတော့ ခပ်လေလေဖြစ်နေတယ်။ အလုပ်ထဲမှာလည်း အာရုံစိုက်လို့မရ၊ မပျော်လည်းမပျော်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းရခက်နေပါတယ်။ တစ်နေ့မှာ ရုံးချုပ်က အစ်မတစ်ယောက်ပို့လိုက်တဲ့ power point slide show ထဲက စာတွေဖတ်လိုက်ရတော့ စိတ်ရှုပ်တာ နည်းနည်းတော့သက်သာသွားတယ်။ အင်္ဂလိပ်လိုရေးတဲ့မူရင်းစာရေးသူတော့မပါပါဘူး။ စာရေးသူကြိုက်ရင် ဘာသာကောက်ပြန်တဲ့အကျင့်ရှိလို့ ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။ တခြားသူတွေဘာသာပြန်ပြီးသားလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တွေးစရာတွေအများကြီးပါလို့ ပို့စ်အနေနဲ့တင်လိုက်တာပါ။
ယနေ့ခေတ်မှာ ကျွန်တော်တို့တွေ အိမ်ကြီးကြီးတွေပိုင်ဆိုင်လာကြပြီး
မိသားစုတွေနည်းလာကြတယ်။
အဆင်ပြေမှုတွေများလာပြီး အချိန်တွေနည်းလာကြတယ်။
ကျွန်တော်တို့ ဘွဲ့ဒီဂရီတွေအများကြီးရလာကြပေမယ့်
ဘဝပေးအသိ၊သာမန်အသိလေး မရှိသလောက်နည်းလာကြတယ်။
ဗဟုသုတတွေများလာပေမယ့် ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေနည်းလာကြတယ်။
ကျွမ်းကျင်ပညာရှင်တွေများလာပေမယ့်
ပြဿနာတွေလည်းပိုများလာကြတယ်။
ကျွန်တော်တို့အဆင်အခြင်မဲ့ သုံးဖြုန်းပစ်တယ်။
နည်းနည်းပဲရယ်မောတတ်လာတယ်။
အပြေးအလွှားရုန်းကန်လှုပ်ရှားနေရတယ်။
မြန်မြန်ဆန်ဆန်စိတ်တိုစိတ်ခုတတ်လာတယ်။
အိပ်ရာဝင်ချိန်တွေနောက်ကျလာတယ်။
စာဖတ်နည်းလာကြတယ်။
တီဗွီကြည့်တာတွေများလာတယ်။
တောင်းဆုပြုခဲလာကြတယ်။
ကျွန်တော်တို့ပိုင်ဆိုင်မှုတွေတိုးပွားလာအောင်လုပ်နိုင်ပေမယ့်
ကျွန်တော်တို့တန်ဖိုးကိုတော့ လျော့ကျလာစေကြတယ်။
ကျွန်တော်တို့အများကြီးပြောကြတယ်။
နည်းနည်းပဲချစ်တတ်လာတယ်။
မကြာမကြာလိမ်တတ်လာကြတယ်။
ကျွန်တော်တို့ဘယ်လိုအသက်မွေးရမယ်ဆိုတာ သင်ယူပြီးပေမယ့်
ဘဝတစ်ခုဘယ်လိုတည်ဆောက်ရတယ်ဆိုတာ မသင်ယူခဲ့ကြဘူး။
ဘဝထဲကို နှစ်ကာလတွေပေါင်းထည့်နိုင်ပေမယ့်
နှစ်ကာလရက်ရှည်တွေထဲကိုတော့ ဘဝထပ်ပေါင်းမထည့်နိုင်ကြဘူး။
ကျွန်တော်တို့မှာ အဆောက်အအုံအရှည်ကြီးတွေပိုင်ဆိုင်လာကြပေမယ့်
ဒေါသချုပ်တည်းနိုင်စွမ်းတွေ နည်းလာကြတယ်။
အမြန်လမ်းမကြီးတွေကျယ်လာပေမယ့်
အမြင်တွေကျဉ်းမြောင်းလာတယ်။
များများသုံးပြီး နည်းနည်းပဲပိုင်ဆိုင်လာကြတယ်။
များများဝယ်ပေမယ့် အဲဒီအရာအပေါ် နှစ်သက်မှုနည်းလာတယ်။
လကမ္ဘာဆီအသွားအပြန် ရောက်ဖူးကြပေမယ့်
အိမ်နီးချင်းတွေဆီသွားလည်ပတ်ဖို့
လမ်းဖြတ်ကူးရမှာကို ကရိကထများနေတတ်ကြတယ်။
ကျွန်တော်တို့အပြင်ပိုင်းအရာတွေအောင်နိုင်ပေမယ့်
အတွင်းစိတ်အောင်မြင်ဖို့တော့ခက်နေတတ်ကြတယ်။
အက်တန်တွေကို ခွဲထုတ်နိုင်ပေမယ့်
မလိုမုန်းထားမှုတွေကိုတော့ ခွဲမထုတ်နိုင်ကြဘူး။
ကျွန်တော်တို့စာတွေအများကြီးရေးလာကြတယ်။
သင်ယူမှုနည်းလာကြတယ်။
အစီအစဉ်တွေအများကြီးရေးဆွဲပေမယ့်
အကောင်အထည်ဖော်နိုင်မှုနည်းလာကြတယ်။
အပြေးအလွှားသွားဖို့ သင်ယူခဲ့ကြပေမယ့်
စောင့်ဆိုင်းတတ်ဖို့တော့ မသင်ယူခဲ့ကြဘူး။
ကျွန်တော်တို့ဝင်ငွေတွေမြင့်လာပေမယ့်
လူကျင့်ဝတ်စောင့်ထိန်းမှုတွေနည်းလာတယ်။
မိတ္တူများများပွားဖို့ ၊ သတင်းအချက်အလက်တွေသိမ်းထားဖို့
ကွန်ပျူတာတွေဖန်တီးထားပေမယ့်
တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်မှုနည်းလာကြတယ်။
အရေအတွက်တွေများများစားစားရှိလာပေမယ့်
အရည်အသွေးကတော့နည်းနည်းလာတယ်။
အဲဒါတွေက
အမြန်စားစရာတွေနဲ့ အစာခြေဖျက်နိုင်မှု
အရပ်ရှည်တဲ့လူနဲ့ အကျင့်စာရိတ္တနိမ့်ပါးမှု
ချိန်ဆမှုလိုပဲ။
အားလပ်ချိန်တွေများလာပေမယ့်
ပျော်ရွှင်မှုနည်းလာတယ်။
စားစရာတွေအမျိုုးအမည်များလာပေမယ့်
အာဟာရပြည့်ဝမှုနည်းလာတယ်။
ဝင်ငွေနှစ်မျိုးရှိတာနဲ့အတူ
ကွာရှင်းပြတ်စဲတာတွေများလာတယ်။
လှလှပပအိမ်တွေများလာပေမယ့်
မိသားစုအသိုက်အမြုံတွေပြိုကွဲလာကြတယ်။
ဒါတွေအားလုံးဟာကျွန်တော်ပြောချင်တာတွေပါပဲ။
ဒီနေ့ခေတ်မှာ
ထူးထူးခြားခြားဖြစ်ရပ်တွေအတွက်
ကျွန်တော်တို့ ဘာကိုမှ ထိန်းသိမ်းမထားနိုင်ကြဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရှင်သန်နေတဲ့ နေ့ရက်တွေဟာ ထူးထူးခြားခြားဖြစ်ရပ်မို့ပါပဲ။
ဗဟုသုတတွေရှာဖွေပါ။
စာများများဖတ်ပါ။
အိမ်ရှေ့ဆင်ဝင်အောက်မှာထိုင်ပြီး
သင့်လိုအပ်ချက်ကို အာရုံမစိုက်ဘဲ
ရှုခင်းတွေကို ရှုစားကြည့်ပါ။
မိသားစု၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
အချိန်များများကုန်ဆုံးပါ။
သင်ကြိုက်တဲ့အစားအစာတွေ စားပါ။
သင်နှစ်သက်တဲ့နေရာတွေ သွားလည်ပါ။
ဘဝဆိုတာ
ရုန်းကန်ရှင်သန်မှုတွေနဲ့တင်မကဘဲ
ပျော်ရွှင်ဖွယ်တဒင်္ဂလေးတွေနဲ့ဖွဲ့စည်းထားတဲ့ ကွင်းဆက်တစ်ခုပါပဲ။
သင့်ရဲ့ဖန်ပုလင်းကို အသုံးချပါ။
သင့်ရဲ့မွှေးရနံ့တွေကို သိမ်းမထားပါနဲ့။
သင်လိုချင်တဲ့အချိန်
သင်ခံစားချင်တဲ့အချိန်တိုင်းမှာ အသုံးပြုပေးပါ။
‘အဲဒီရက်တွေထဲက တစ်ရက် ၊ တစ်နေ့နေ့’ လို စကားရပ်မျိုုးကို
သင့်ဝေါဟာရထဲက ဖယ်ထုတ်ပစ်လိုက်ပါ။
စာရေးတာနဲ့ပတ်သက်ပြီး
သင်တွေးမိတဲ့အတိုင်း
စာတစ်စောင်လောက်ရေးကြည့်ပါ။
သင့်မိသားစုနဲ့သူငယ်ချင်းမိတ်ဆွေတွေကို သင်သူတို့ကို ဘယ်လောက်ချစ်ကြောင်း ပြောပါ။
သင့်ဘဝထဲကို ပျော်ရွှင်စရာတွေ ရယ်မောစရာတွေထပ်ထည့်ဖို့
မနှောင့်နှေးပါနဲ့။
နေ့ရက်တိုင်း အချိန်တိုင်းဟာ တကယ်ထူးခြားပါတယ်။
သင့်ရဲ့နောက်ဆုံးအချိန်ဖြစ်နိုင်တယ်ဆိုတာ သင်မသိနိုင်ပါဘူး။
အထက်ပါအကြောင်းအရာတွေကို သင်ချစ်တဲ့သူဆီပို့ဖို့
အချိန်မပေးနိုင်ဘဲ အရမ်းအလုပ်များနေခဲ့ရင်
တစ်နေ့နေ့တော့ပို့မှာပေါ့လို့ သင့်ကိုယ်သင်ပြောကြည့်ပါ။
ကျွန်တော့်ကို ယုံကြည်ပါ။
တစ်နေ့နေ့လို့သင်ဆိုခဲ့ရင်
အဲဒါကို ပို့ဖို့သင်ဒီမှာရှိတော့မှာမဟုတ်ပါဘူး။
ဖတ်ပြီးလို့တွေးမိတာလေးတွေရှိရင် ဒီမှာပြောသွားနိုင်ပါတယ်။






Monday, August 27, 2012

ချစ်သူဖတ်ဖို့(၂)


နင့်အတွက်ဆိုအသင့်ရှိမယ်
နင့်ကို အမြဲအားပေးမယ်
ငါတို့နှစ်ယောက်ကြားမှာ
အကွာအဝေးတွေဘယ်လောက်ပဲရှိပါစေ
ငါ နင့်ကို အမြဲချစ်မယ်။
အကွာအဝေးက နှလုံးသားတစ်စုံကို
ဘယ်တော့မှ ခွဲခြားမထားနိုင်ပါဘူးလေ။
ဒါ့ကြောင့် အချစ်စစ်ဆိုတာ
ရှာဖွေတွေ့ရှိရတာမဟုတ်ဘဲ
တည်ဆောက်ယူရတာမျိုးပါ။